တစ်နှစ်အတွင်း ဟားဗတ်တက္ကသိုလ်မှဘွဲ့ရပြီး နာမည်ကြီးနေတဲ့ ချစ်စရာအမွှာညီအစ်မနှစ်ယောက်

တရုတ်နိုင်ငံက Sun Yumeng နှင့် Sun Yutong လို့ အမည်ရတဲ့ ရုပ်ချောချော အမွှာညီအစ်မနှစ်ယောက်က ဟားဗတ်တက္ကသိုလ်မှာ တစ်နှစ်တည်းနဲ့ဘွဲ့ရခဲ့လို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။


သူတိှု့နှစ်ယောက်ဟာ ရှန်ဟိုင်းမြို့ရှိ Fudan University မှာ ကျောင်းပြီးခဲ့ပါတယ်။ အထက်တန်းကျောင်းတက်စဉ်ကလည်း ကိုယ်ကာယကြံ့ခိုင်ကျန်းမာရေးအဖွဲ့မှာ ပါဝင်ခဲ့ပြီး နိုင်ငံအဆင့်ဆုတံဆိပ်ကို ဆွတ်ခူးရရှိခဲ့တာကြောင့် စာကြမ်းပိုးမဟုတ်ဘဲ ဘက်စုံထူးချွန်တဲ့ ညီအစ်မနှစ်ယောက်ဆိုတာ ထင်ရှားပါတယ်။


ညီအစ်မနှစ်ယောက်က ရုပ်ရည်လည်းချောပြီး ထက်မြက်တာကြောင့် သူတို့ရဲ့ဖြတ်သန်းမှုနှင့် ကြိုးစားအားထုတ်မှုကိုဖော်ပြတဲ့ စာနှင့်ဓာတ်ပုံများက ပျံ့နှံ့လာပြီး ကမ္ဘာတစ်ဝန်းက ကျောင်းသားကျောင်းသူများရဲ့ လေးစားအားကျရတဲ့ စံနမူနာပုဂ္ဂိုလ်ဖြစ်လာပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*