မင်းသမီးဒိုင်ယာနာရဲ့ ရှားပါးဓာတ်ပုံများ

ဗြိတိန်တော်ဝင်မိသားစုရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒိုင်ယာနာမင်းသမီးဟာ မင်းသားချားလ်ရဲ့ ပထမဇနီးဖြစ်ပါတယ်။ မင်းသားဝေလီယမ်နှင့် မင်းသားဟယ်ရီတို့ရဲ့ မိခင်တစ်ဦးဖြစ်လည်း ဖြစ်ပါတယ်။ သူမကို ၁၉၆၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ မင်းသားချားလ်နဲ့ ၁၉၈၁ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။

၁၉၉၇ ခုနှစ်မှာ ယာဉ်တိုက်မှုနဲ့ ပဲရစ်မြို့မှာ သေဆုံးခဲ့တယ်လို့ သတင်းများက ဖော်ပြခဲ့ပေမဲ့ သူမရဲ့သေဆုံးမှုဟာ အခုချိန်ထိ လူတိုင်းအတွက် မေးခွန်းထုတ်စရာတွေ ဖြစ်နေပါသေးတယ်။ သူမသေဆုံးမှုနောက်ကွယ်မှာ လျှို့ဝှက်ချက်များစွာရှိတယ်လို့လည်း ယုံကြည်ထားကြပါတယ်။

သူမကို လူတွေချစ်ခင်ကြတဲ့ အကြောင်းတစ်ခုကတော့ သူမရဲ့အလှနှင့် ပရိဟိတစိတ်ဓာတ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူမအလှကတော့ တစ်ကမ္ဘာလုံးကို ဖမ်းစားနိုင်ခဲ့တဲ့အပြင် သေဆုံးပြီးနောက်အခုချိန်ထိ ဗြိတိန်တော်ဝင်မျိုးနွယ်ရဲ့ အလှဆုံးအမျိုးသမီးအဖြစ် ကျန်ရစ်နေဆဲဖြစ်ပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*