ဘယ်သူမှ မသိကြတဲ “ဝ”ခြင်းရဲ့ ကောင်းကျိုး ၄ခု

ပုံမှန်အားဖြင့်တော့ ဝတဲ့သူတွေမှာ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ပိုပြီးများတယ်ဆိုတာ အားလုံးသိမှာပါ။ အရာရာတိုင်းမှာ အကောင်းအဆိုးဒွန်တွဲနေသလို ယခုလည်း ဝတဲ့လူတွေမှာ ဆိုးကျိုးတွေရှိပေမယ့် အနည်းငယ်သော ကောင်းကျိုးတွေလည်း ရှိကြောင်း တွေ့ရှိလာရပါတယ်။

၁။ကိုယ်ခံစွမ်းအားကောင်းခြင်း

အဆီတွေနဲ့ အဝလွန်နေသောသူတွေမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ omentum ခေါ် အလွှာနှစ်ထပ်ရှိတဲ့ အမြှေးပါးရှိပြီး ထိုအရာဟာ ပိုများပြီး ကိုယ်တွင်းအင်္ဂါမှာ ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ဒါ့အပြင် ဝတဲ့သူတွေမှာတွေ့ရှိရတဲ့ ဆဲလ်တွေဟာ ပြင်ပရောဂါဝေဒနာများ မဝင်ရောက်နိုင်အောင်လည်း ကာကွယ်မှုပေးနိုင်တယ်လို့ ဆိုပါတယ်။

၂။စိတ်ကျန်းမာခြင်း

လူ ၂သန်းကို လေ့လာမှုအရ အလွန်ဝသူတွေနှင့် ဝတဲ့သူတွေဟာ အသက်အရွယ်ကြီးတဲ့အခါ ဖြစ်လာတတ်တဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ချို့ယွင်းမှု ဖြစ်နိုင်ခြေ ပိုနည်းပါးပါတယ်။

၃။အရိုးကျန်းမာခြင်း

ကိုယ်တွင်းစနစ်တွေ ယိုယွင်းလာတဲ့အခါ အဆစ်တွေမှာရောင်ရမ်းပြီး နာတာရှည် အဆစ်ရောင်ရောဂါတွေ ဖြစ်လာပါတယ်။လေ့လာတွေ့ရှိမှုတွေအရ BMI မြင့်မားတဲ့ ဝတဲ့သူတွေဟာ ဒီလိုအခြေအနေတွေမှ အကောင်းဆုံး ကာကွယ်မှုပေးနိုင်ပါတယ်။

၎။အသက်ရှည်ခြင်း

အမေရိကန် ဆေးပညာဆိုင်ရာ အဖွဲ့အစည်း၏ လေ့လာမှုအရ အဝလွန်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးကတော့ သေဆုံးနိုင်ခြေကို ၆ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဆိုပါတယ်။နောက်ထပ်လေ့လာမှုအရ အဝလွန်တဲ့သူတွေမှာ ရှိတဲ့ မြင့်မားတဲ့ BMI ဟာ သက်တမ်းကိုပိုပြီးရှည်စေတယ်လို့ ဆိုပါတယ်။

အထက်ဖော်ပြပါအချက်တွေကတော့ ဝတဲ့သူတွေမှာရှိတဲ့ ကောင်းကျိုး ၄ခုဖြစ်ပါတယ်။ထိုသို့ဆိုတိုင်း ဝတာဟာ ကျန်းမာရေးကောင်းတယ်လို့တော့ တလွဲမတွေးစေလိုပါ။ကောင်းကျိုးအချို့ရှိတယ်ဆိုတာကိုသာ ဖော်ပြလိုခြင်း သက်သက်ဖြစ်ပါတယ်။

CHAN(ရွှေအင်းလေး)

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*