ညအိပ်ရာမဝင်ခင် ရေချိုးပေးခြင်းရဲ့ အံ့မခန်း ကောင်းကျိုးများ

ရေချိုးပေးခြင်းမှာ ကိုယ်ခန္ဓာသန့်ရှင်းခြင်းထက် မကတဲ့ တခြား ကောင်းကျိုးတွေရှိနေတယ်ဆိုတာ သိပါသလား။ အထူးသဖြင့် ညမအိပ်ခင် ရေချိုးပေးမယ်ဆိုရင် အောက်ပါကောင်းကျိုးတွေက သင့်အတွက်ပါပဲ။

၁။ အိပ်ကောင်းစေခြင်း

ဟုတ်ပါတယ်။ ညအိပ်ရာမဝင်ခင် ရေချိုးပေးခြင်းက သင့်ကို ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အပံ့ကောင်းတွေ ဖြစ်မှာပါ။ လေ့လာမှုတွေအရ ခန္ဓာကိုယ်ပူနွေးနေတာထက် အေးမြနေခြင်းက သင့်ကို ပိုပြီး အိပ်ပျော်စေနိုင်တယ်လို့ ဆိုပါတယ်။

၂။ အိပ်ရာသန့်ရှင်းခြင်း

သင့်အိပ်ရာမှာ ချွေးတွေ၊ ချေးညှော်တွေကပ်နေတာမျိုးကို မကြိုက်ဘူးဟုတ်? အိပ်ရာဟာ ဘတ်တီးရီးယားတွေ အပေါများဆုံး နေရာဆိုတာကိုလည်း သိပြီးဖြစ်မှာပါ။ သို့သော် သင်ဟာ အိပ်ရာမဝင်ခင် ရေချိုးပေးမယ်ဆိုလျှင်တော့ သင့်ခန္ဓာကိုယ်မှာ ချွေး၊ ဖုန်၊ ချေးညှော်များ အိပ်ရာသို့ ပေကျံခြင်း မရှိတော့တဲ့အတွက် သင့်အိပ်ရာကိုလည်း သန့်ရှင်းစေမှာပါ။

၃။ အသားအရေကောင်းခြင်း

ညအိပ်ရာမဝင်ခင်မှာ မျက်နှာသစ်ပြီး အိပ်ပေးတာက မျက်နှာအတွက် အဆိပ်အတောက်တွေ၊ ဖုန်မှုန့်တွေကင်းပြီး သန့်ရှင်းကြည်လင်မှု ရှိစေသကဲ့သို့ ကိုယ်ခန္ဓာတစ်ခုလုံးကို သန့်ရှင်းစင်ကြယ်အောင် ရေချိုးပေးလိုက်မယ်ဆိုလျှင်လည်း သင့်အရေပြားအတွက် အလားတူ ကောင်းကျိုးမျိုးကို ပိုင်ဆိုင်ရမှာပါ။

၎။ အဝတ်လျှော်ချိန်နည်းသွားခြင်း

ညအိပ်ရာဝင်တိုင်း သင့်ရဲ့ညအိပ်ဝတ်စုံကို ရေမချိုးဘဲ ဝတ်မယ်ဆိုလျှင်တော့ မကြာမကြာ ပြန်ပြန်လျှော်ပေးနေရမှာ သေချာပါတယ်။ ရေချိုးပြီးမှ ဝတ်ပေးတဲ့အခါ ညစ်ပတ်မှုလျော့နည်းသွားတဲ့အတွက် မကြာခဏ လျှော်ဖွတ်ပေးစရာလည်း မလိုတော့ဘူးပေါ့။

၅။ မနက်ခင်းတွင်နိုးကြားတက်ကြွခြင်း

ဟုတ်ပါတယ်။ ညအိပ်ရာမဝင်ခင်မှာ ရေချိုးပေးခြင်းက သင့်ကို အိပ်ကောင်းခြင်းကို ပေးစွမ်းရုံသာမက မနက်ခင်း အိပ်ရာထချိန်မှာလည်း ပိုပြီးတော့ နိုးကြားတက်ကြွမှုကို ပေးစွမ်းပါတယ်။ သင့်ရဲ့ မနက်ခင်းဟာ လေးလံထိုင်းမှိုင်းမှု ရှိမနေဘဲ အကောင်းဆုံး နေ့ရက်လေးကို အစပြုဖို့ အသင့်ရှိနေမှာပါ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*