ဂစ်တာတီးခြင်းရဲ့ ကောင်းကျိုးများ

တူရိယာများစွာထဲမှာ ဂစ်တာက လူအများစုရင်းနှီးကျွမ်းဝင်ပြီးသား တူရိယာတစ်မျိုးလို့ ဆိုရပါမယ်။ ဂစ်တာတစ်လက်နဲ့လဲ သီချင်းပေါင်းများစွာကို ဖန်တီးရေးစပ်နိုင်တာကြောင့် ဂီတကို ရူးသွပ်ကြသူတိုင်းရဲ့ လက်စွဲတူရိယာလို့ ဆိုရပါမယ်။ ဒီတော့… ဂစ်တာတီးတတ်သူတွေအတွက် သတင်းကောင်းတစ်ပုဒ် ပြောပြချင်ပါတယ်။ ဂစ်တာတီးခြင်းက ရရှိမယ့် အကျိုးကျေးဇူးများကတော့ တကယ့်ကိုမယုံနိုင်စရာပါပဲ။

(၁) ဉာဏ်ရည်ထက်မြတ်စေပါတယ်

ဂစ်တာတီးတဲ့အခါမှာ အဓိကကျတဲ့ လက်ကွက်၊ လက်ခတ်နည်းတွေကို လေ့လာမှတ်သားရပါတယ်။ notes တွေ balance ဖြစ်စေဖို့၊ သံဇဉ်အနိမ့်အမြင့်များနဲ့ chords တွေကို မှတ်သားရတဲ့အတွက် ဦးနှောက်ကို တော်တော်အလုပ်ပေးရပါတယ်။ ဒါ့ကြောင့် ဂီတကိုလေ့လာသင်ယူတာကလည်း ဉာဏ်ရည်ထက်မြတ်စေတယ်လို့ လေ့လာဆန်းစစ်ချက်တွေအရ သိရပါတယ်။

(၂) စိတ်ဖိစီးမှု လျော့ပါးစေပါတယ်

ဂစ်တာတီးခြင်းက ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးတဲ့အတွက် စိတ်ဖိစီးမှုလျော့ပါးစေပါတယ်။ စိတ်ဖိစီးမှုများပြီး စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို အလျင်မြန်ဆုံး ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့အတွက် ဂစ်တာတီးခြင်းက စိတ်ပိုင်းဆိုင်ရာ အတွက် များစွာအထောက်အကူပြုပါတယ်။

(၃) စိတ်လက်ပေါ့ပါးစေတယ်

အပေါ်မှာပြောခဲ့သလိုပါပဲ။ ဂစ်တာတီးပြီဆိုတာနဲ့ notesတွေ၊ chords တွေကို မှတ်သားရလို့ ဦးနှောက်ထဲမှာ ဂီတသံဇဉ်တွေကလွဲပြီး ကျန်တဲ့အတွေးတွေ မရှိတော့ပါဘူး။ စိတ်ညစ်စရာတွေကို မေ့ပျောက်စေပြီးတော့ စိတ်လက်ပေါ့ပါးလာစေတဲ့အတွက် စိတ်မွန်းကြပ်လာတဲ့အခါ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ဂစ်တာတီးကြည့်လိုက်ပါ။

(၄) မိမိကိုယ်ကိုယုံကြည်မှုတိုးလာစေတယ်

လုပ်သမျှမအောင်မြင်ဘူး၊ ဘာလုပ်လုပ်အဆင်မပြေဘူးဆိုပြီး စိတ်ဓာတ်ကျလာတဲ့အခါမျိုးမှာ ဂစ်တာတီးလိုက်ပါ။ ဂစ်တာတီးတတ်တာကလည်း သူများထက် ပိုထူးခြားတဲ့ အတတ်ပညာကို တတ်မြောက်ထားတာဖြစ်တဲ့အတွက် ဂုဏ်ယူစရာကောင်းပါတယ်။ ဒါ့ကြောင့်လည်း မိမိလုပ်ရပ်အပေါ် ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိလာနိုင်ပါတယ်။

(၅) နှလုံးအားကောင်းစေပါတယ်

အသဲကွဲတဲ့သူတော်တော်များများကတော့ ဂစ်တာကိုအဖော်ပြုတတ်ကြပါတယ်။ ဂီတသံဇဉ်တွေက စိတ်ကိုလွတ်လပ်ပေါ့ပါးစေပြီးတော့ စိတ်ပျော်ရွှင်လာစေပါတယ်။ ဦးနှောက်စွမ်းရည်ဖွံ့ဖြိုးလာတဲ့ အတွက် နှလုံးခုန်နှုန်းကိုလည်း ပုံမှန်ထိန်းချုပ်ပေးနိုင်တာကြောင့် နှလုံးအားကောင်းစေပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*