ကြမ်းပြင်ပေါ်အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးများ

မွေ့ယာကောင်းကောင်းနဲ့ အိပ်စက်တာက ကျောနာခြင်း၊ ညောင်းညာကိုက်ခဲခြင်းကို သက်သာစေတယ်လို့ ထင်ပါသလား။ မွေ့ယာနဲ့ အိပ်စက်တာက သက်တောင့်သက်သာ ရှိတာတော့ မှန်ပေမယ့် တခါတလေ ကြမ်းပြင်ပေါ် လှဲလျောင်းအိပ်စက်ကြည့်လိုက်ပါ။ ကြမ်းပြင်ပေါ်အိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ တကယ့်ကို အံ့မခမ်းပါပဲ။

(၁) ကိုယ်နေဟန်ထားကောင်းမွန်စေပါတယ်

ကြမ်းပြင်ပေါ် အိပ်စက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ကိုယ်နေဟန်ထားကို ပုံမှန်ထိန်းချုပ်ပေးနိုင်ပါတယ်။ ကြွက်သားများက ကွေးနေတာမျိုးမဖြစ်တော့ဘဲ တစ်ဖြောင့်တည်းဖြစ်နေတာကြောင့် ညောင်းညာကိုက်ခဲခြင်းကိုလည်း သက်သာစေပါတယ်။ အထူးသဖြင့် လက်ပြင်ကုန်းတဲ့သူ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးကုန်းတဲ့သူတွေအနေနဲ့ ကြမ်းပြင်ပေါ်မှာ အိပ်စက်သင့်ပါတယ်။

(၂) အရိုးအဆစ်နာကျင်မှု သက်သာစေပါတယ်

အရိုးအဆစ်များ ကွေးညွတ်ခြင်းနဲ့ ကိုက်ခဲခြင်းအတွက် ကြမ်းပြင်ပေါ်လှဲလျောင်းအိပ်စက်တာက အကောင်းဆုံးကုသမှုလို့ ဆိုနိုင်ပါတယ်။ ကြမ်းပြင်ပေါ်လှဲလျောင်းလိုက်တဲ့အခါမှာ ကွေးညွတ်နေတဲ့ အရိုးအဆစ်များက ဖြောင့်တန်းသွားပြီးတော့ နာကျင်ကိုက်ခဲမှုဒဏ်ကိုလည်း သက်သာစေတာကို တွေ့ရမှာပါ။

(၃) ကျောရိုးကွေးညွတ်ခြင်းမှ ကာကွယ်ပေးပါတယ်

ကိုယ့်ရဲ့နေထိုင်မှုပုံစံ မမှန်ရင် ကျောရိုးက တဖြေးဖြေးကွေးညွတ်လာတတ်ပါတယ်။ ဒါ့ကြောင့်လည်း လူအများစုက အသက်ကြီးလာတဲ့အခါ ခါးကုန်းတာမျိုး ဖြစ်နေကြတာပါ။ ဒါကို ကာကွယ်ဖို့ အတွက် ဆိုရင် ကြမ်းပြင်ပေါ်မှာ အိပ်စက်နိုင်ပါတယ်။

(၄) ပခုံးကျခြင်းနဲ့ တင်ကျခြင်း မဖြစ်တော့ပါဘူး

ခန္ဓာကိုယ်ပေါ်က အဖုအထစ်လေးတွေက သူ့နေရာနဲ့သူ တည်ရှိနေမှ ကြည့်ကောင်းမှာပါနော်။ တင်ကျနေမယ်ဆိုရင် ခန္ဓာကိုယ်အချိုးအစား မပြေပြစ်တော့ပါဘူး။ ဒါ့ကြောင့် တင်ကျနေသူတွေ၊ ပခုံးအောက်ကျနေသူတွေ အနေနဲ့ ကြမ်းပြင်ပေါ်မှာ အိပ်စက်ကြည့်လိုက်ပါ။ သက်သာလာတာကို တွေ့ရပါလိမ့်မယ်။

(၅) လွတ်လွတ်လပ်လပ်အိပ်စက်နိုင်ခြင်း

မွေ့ယာနဲ့အိပ်စက်တဲ့အခါမှာ မွေ့ယာပေါ်က ပြုတ်မကျအောင်၊ အကန့်အသတ်တစ်ခုထဲမှာ အိပ်စက်ရတဲ့အတွက် လွတ်လပ်မှု မရှိတော့ပါဘူး။ ကြမ်းပြင်ပေါ်မှာအိပ်စက်မယ်ဆိုရင် ကန့်သတ်မှုတွေ မရှိတဲ့အတွက် လွတ်လွတ်လပ်လပ် အိပ်စက်နိုင်ပါတယ်။

(၆) စိတ်ဖိစီးမှု လျော့ကျစေပါတယ်

လေ့လာဆန်းစစ်ချက်တွေအရတော့ ညဘက်အိပ်စက်မှု ကိုယ်နေဟန်ထား ပုံမှန်မဖြစ်ဘူးဆိုရင် စိတ်ဖိစီးမှုကို ပိုမိုဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ကြမ်းပြင်ပေါ်အိပ်စက်ခြင်းက ကိုယ်နေဟန်ထား ထိန်းညှိပေးတဲ့အတွက် စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*