Bezel-Less Display ပါတဲ့ Nokia 9 ရဲ့ ဓါတ်ပုံထွက်ပေါ်

Nokia အနေနဲ့ နောက်ထုတ်မယ့် စွမ်းဆောင်ရည်မြင့် Nokia 9 ကို တရုတ် ဆက်သွယ်ရေး ကော်မရှင်ထံမှာ မှတ်ပုံတင်ထားပြီးပါပြီ။ သူ့ရဲ့ Specifications များဟာလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ အခုတော့ တရုတ် လူမှုကွန်ရက် Weibo ကနေ Nokia 9 ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာပါတယ်။ Nokia 9 ကို လာမယ့်နှစ် အစောပိုင်းမှာ ကြေညာ နိုင်ပါတယ်။ ဇန်န၀ါရီလ ၁၉ ရက်နေ့လောက်မှာ မိတ်ဆက်လာနိုင်ပါတယ်။

ဓါတ်ပုံမှာ ဖုန်းရဲ့ အရှေ့ဘက်ကို ပြသထားပြီး မျက်နှာပြင်ဘေးဘောင်များဟာ အလွန် ပါးလွှာပါတယ်။ အဲဒီအတွက် နိုကီယာဟာလည်း ယခုနှစ် စမတ်ဖုန်း Trend ဖြစ်တဲ့ ဘေးဘောင်မဲ့ မျက်နှာပြင် ဒီဇိုင်းကို စတင် အသုံးပြုတော့မှာ ဖြစ်ပါတယ်။ ဓါတ်ပုံမှာ အရှေ့ဘက် ကင်မရာ နှစ်လုံးနဲ့ အပြာရောင် သတ္တဘောင်ကို မြင်တွေ့ရပါတယ်။ အနောက်ဘက်ကိုတော့ မမြင်ရတဲ့အတွက် ဖန် သို့မဟုတ် သတ္တုကို သုံးထားမလားဆိုတာ မသိရသေးပါဘူး။

မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များအရ သူ့မှာ ၅.၅ လက်မ OLED Touchscreen , 12MP +13MP Dual Rear ကင်မရာနဲ့ အရှေ့ဘက်မှာ 5MP Camera ပါမှာပါ။ ပရိုဆက်ဆာပိုင်းမှာတော့ Snapdragon 835 , 128GB Storage , 3250mAh Battery များ တပ်ဆင်ထားပါတယ်။ ဘက်ထရီမှာ 18W Fast Charging နည်းပညာပါပါတယ်။ Android 8.0 Oreo မောင်းနှင်မှာ ဖြစ်ပါတယ်။

kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*