စစ်တပ်ထဲမှာထူးချွန်လို့ ရာထူးတိုးမြှင့်ခြင်းခံရတဲ့ BIGBANG အဖွဲ့ဝင် Daesung

တောင်ကိုးရီးယား ကေပေါ့အဆိုတော် BIGBANG အဖွဲ့ဝင် Daesung အိုပါးက စစ်တပ်ထဲမှာတောင် ထူးချွန်လို့ ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ဂီတအနုပညာအလုပ်တွင်သာမက စစ်တပ်ထဲတာဝန်ထမ်း ဆောင်ချိန်မှာသူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်အားထက် သန်မှုတွေကို စစ်သင်တန်းပေးအရာရှိအကြီး အကဲတွေရဲ့ အသိမှတ်ပြု ဂုဏ်ပြုခြင်းကိုတောင် ခံခဲ့ရတယ်လို့ သိရပါတယ်။


Daesung ဟာ ခြေလျှင်အပတ်စဉ် ၂၇ စစ်သားစုဆောင်းခြင်းမှာ စစ်သင်တန်းတာဝန်ထမ်းဆောင်ဖို့ အတွက် စစ်ထဲဝင်ရောက်သွားခဲ့ရ တာဖြစ်ပါတယ်။ အဲ့ဒီစစ်သင်တန်းပေးခြင်းမှာဆိုရင် Daesung ကို အကူနည်းပြတစ်ဦးအဖြစ် ရာထူးတိုးမြှင့်ပြီး တပ်ဖွဲ့ထဲမှာ သူ့ကို ချီးကျူးဂုဏ်ပြုခြင်းတွေပြုလုပ်ပေးခဲ့ကြ တယ်လို့ သိရပါတယ်။


“ သူကအမြဲတမ်းလိုလို ခွန်အားတွေပြည့်ပြည့်ဝဝနဲ့ ကြံ့ခိုင်နေတယ်။ နောက်ပြီးတော့ ဇွဲလည်းကောင်း တယ်။ သန်မြန်တယ်။ စိတ်ပိုင်းဆိုင်ရာလည်း တက်ကြွမှုရှိတယ်။ သူ့ကို သင်တန်းပေးတဲ့အချိန်တုန်းက လည်း ကောင်းကောင်းလုပ်ဆောင်တယ်။ နောက်ပြီး သူ့အတွက် ရလာဒ်တွေကလည်း ကောင်းတယ်။ ဒီ့အတွက်ကြောင့် သူ့ကို သင်တန်းနည်းပြအကူတစ်ယောက်အဖြစ် ရာထူးတိုးမြှင့်ခန့် အပ်ခဲ့တယ်” လို့ သင်တန်းအပတ်စဉ်ရဲ့ တရားဝင်ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။
မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*