မွေးလတွေကိုကြည့်ပြီး ခန့်မှန်းနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေး ၊ အမူအကျင့်များ

သင်မွေးဖွားတဲ့လတွေကိုကြည့်ပြီး သင့်ရဲ့ အကျင့်စရိုက် ၊ အမူအကျင့် ၊ ကိုယ်ရည်ကိုယ်သွေးတွေကို ခန့်မှန်းနိုင်ပါတယ် ။ ကိုယ်နဲ့ ကိုက်၊မကိုက် တိုက်စစ်ကြည့်လိုက်ပါဦးနော်..

ဇန်နဝါရီ
သင်ဟာ ဇန်နဝါရီလ မွေးဖွားသူတစ်ဦး ဖြစ်ခဲ့မယ်ဆိုရင်တော့ ခေါင်းမာတတ်တဲ့ သူမျိုးပါ ။ သူတို့ရဲ့ အတွေးအခေါ်တွေနဲ့ အားအင်တွေကြောင့် ဘဝမှာ ခေါင်းဆောင်ကောင်းတွေ ဖြစ်နေတတ်ပါတယ် ။ အခြားသူတွေကို သင်ကြားပေးရာမှာလည်း တော်ပြီး တာဝန်သိစိတ်ရှိတဲ့ သူမျိုးတွေဖြစ်ပါတယ် ။ သူတို့ဘာတွေးတယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောကြားဖို့ ဝန်မလေးတတ်ကြပါဘူး။

ဖေဖော်ဝါရီ
ဖေဖော်ဝါရီလ မွေးဖွားသူတွေကတော့ စမတ်ကျတဲ့ ဝန်ထမ်းဖြစ်ပြီး မတူညီခြားနားတဲ့ အရာတွေကို ဆွေးနွေးဖို့လည်း စိတ်ဝင်တစား ရှိတတ်ကြပါတယ် ။တီထွင်ဖန်တီးနိုင်မှုအားကောင်းပြီး အလုပ်အပေါ်မှာ ချစ်ခင်မြတ်နိုးတတ်သူတွေပါ ။ ခရီးသွားရတာကိုနှစ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေကို လည်ပတ်ရတာကို နှစ်ခြိုက်တတ်ပါတယ် ။ စွန့်စားရတာကို နှစ်သက်ပြီး ဘဝကို စွန့်စားမှုတွေနဲ့ ဖြတ်သန်းချင်တဲ့ သူမျိုးတွေပါ ။ ရိုးသားပြီး သူငယ်ချင်းအပေါ် ၊ လက်တွဲဖေါ်အပေါ်မှာ သစ္စာရှိတတ်ကြပါတယ်။

မတ်
မတ်လမှာ မွေးဖွားသူတွေကတော့ စိတ်ကူးစိတ်သန်း ကောင်းမွန်ပြီး တိတ်ဆိတ်ခြင်းကိုနှစ်သက်ကာ ဘာသိဘာသာ နေတတ်သူတွေဖြစ်ပါတယ် ။ တစ်ယောက်တည်းနေရတာကို သဘောကျပြီး တွေးခေါ်နေရခြင်းကို မြတ်နိုးတတ်သူတွေပါ ။ သူတို့ဟာ လူကြီးလူကောင်းပီသပြီး သူတို့အနီးအနားရှိ လူတွေကိုလည်း ကြင်နာတတ်ကြပါတယ် ။သို့သော်လည်း သူတို့ရဲ့ဘဝအကြောင်းကိုတော့ အကုန်ထုတ်ပြောလေ့ မရှိပါဘူး ။ လျှို့ဝှက်တတ်သူတွေပါ ။ဆူညံတာကို မုန်းပြီး လူများတဲ့နေရာတွေကို ရှောင်လေ့ရှိပါတယ်။

ဧပရယ်
ဧပရယ်လ်လမွေးဖွားသူတွေဟာ သူတို့ကို အမိန့်ပေးခြင်းကို မုန်းပါတယ် ။ ဒါဟာ သူတို့မှာ ခေါင်းဆောင်ဖြစ်နိုင်တဲ့ လမ်းကြောင်းပါပဲ ။ သူတို့ဟာ လူတွေရဲ့ စိတ်ဝင်စားခြင်းခံရတာကို ကြိုက်နှစ်သက်တတ်ကြပါတယ်။ သူတို့ဟာ တစ်စုံတစ်ခုကို ပြုလုပ်ဖို့ ကြိုတင်စီစဉ်တွေးတောတာမျိုး လုပ်လေ့ မရှိပါဘူး ။ တွေးပြီးမှ လုပ်ဆောင်တာမဟုတ်ဘဲ ၊ လုပ်ပြီးမှ တွေးတတ်တဲ့ သူမျိုးတွေ ဖြစ်ပါတယ်။

မေ
မေလမွေးဖွားသူတွေကတော့ မျောက်စိတ်လို့ပဲ ပြောရမလား ..စိတ်အပြောင်းအလဲ မြန်လွယ်တဲ့သူတွေ ဖြစ်ပါတယ် ။ သူတို့ဟာ တစ်ယောက်တည်းနေရတာကို မကြိုက်ဘဲ အပေါင်းအသင်းနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်နေရတာကို ပျော်တတ်တဲ့ သူမျိုးတွေ ဖြစ်ပါတယ် ။ လူတွေနဲ့ စကားပြောရတာကို နှစ်သက်ပြီး သူတို့ရဲ့ ခံစားချက်တွေကို ဖော်ထုတ်ပြသဖို့လည်း ဝန်မလေးကြပါဘူး ။

ဇွန်
ဒီလမှာ မွေးဖွားသူတွေဟာ ရှက်တတ်ပြီး လူကြီးလူကောင်းလည်း ဆန်ကြပါတယ်။ အခြားသူတွေရဲ့ စိတ်ခံစားချက်တွေအပေါ်မှာ sensitive ဖြစ်လွယ်ပြီး ဂရုစိုက်လေ့ရှိပါတယ် ။ ဇွန်လမွေးဖွားသူတွေဟာ သူတို့ရဲ့ ပန်းတိုင်ကို ဘယ်လိုအရောက်သွားမလဲဆိုတဲ့ အစီအစဉ်တွေကို ချမှတ်ထားကာ အနာဂတ်အတွက် ပြင်ဆင်မှု ရှိသူတွေ ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာတော့ သူတို့ရဲ့ခံစားချက်တွေကို ကွယ်ဝှက်ထားတတ်ပြီး ဖြစ်ချင်တာကို အမှန်တကယ်ဖြစ်အောင် ကြိုးစားတတ်ကြပါတယ်။

ဇူလိုင်
ဒီလမှာမွေးတဲ့သူတွေက ဇွန်လမွေးဖွားသူတွေနဲ့ သိပ်မတိမ်းမယိမ်းပါပဲ ။ မတူညီတာကတော့ သူတို့က ဘွင်းဘွင်းသမားတွေဖြစ်ပြီး ဒိုးကနဲ ဒေါက်ကနဲ ပြုမူတတ်တဲ့သူတွေ ဖြစ်ပါတယ်။ ယုံကြည်မှုရှိကာ ပျော်ပျော်နေတတ်ပြီး သူတို့ရဲ့ နာကြင်ခံစားမှုတွေ ၊ တခြားလေးနက်တဲ့ ခံစားချက်တွေကိုတော့ လျှို့ဝှက်တောင်း လျှို့ဝှက်ထားနိုင်ပါတယ် ။ စွန့်စားခြင်းကို စိတ်ဝင်စားပြီး ပျော်ပျော်နေတတ်တာကြောင့် သူတို့အနားမှာ လူတွေဝန်းရံလျက် ရှိနေတတ်ပါတယ်။

သြဂုတ်
သြဂုတ်လမွေးဖွားသူတွေဟာ ဝေဖန်ပိုင်းခြားတတ်ပြီး အတွေးအခေါ်ကောင်းမွန်မှုကြောင့် လုပ်ငန်းကောင်းကောင်းမှာ လုပ်ရတတ်ပါတယ် ။ စဉ်းစားပြီးမှ တဆင့်ပြီးတဆင့် လုပ်ဆောင်တတ်တဲ့ သဘောရှိပါတယ် ။ တစ်ခါတစ်လေမှာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို လွယ်လွယ်ပြလေ့ မရှိတာကြောင့် မခံစားတတ်တဲ့ လူသားကဲ့သို့ အများရဲ့ အထင်အမြင်လွဲခြင်းကို ခံရတတ်ပါတယ် ။ သူတို့ဟာ များများတွေးတတ်ပြီး ခေါင်းဆောင်ကောင်းလည်း ဖြစ်နိုင်ပါတယ် ။ တစ်ခါတစ်ရံ ဆရာကြီးလုပ်တတ်သော်လည်း သဘောထားကြီးတတ်တဲ့ သူမျိုးတွေ ဖြစ်ပါတယ် ။ သြဂုတ်လဖွားတွေဟာ ဘယ်တော့မှ လက်လွတ်စပါတယ် လုပ်တတ်တဲ့ သူမျိုးတွေ မဟုတ်ပါဘူး။

စက်တင်ဘာ
စက်တင်ဘာလဖွားတွေဟာ မျှော်လင့်ချက်တွေ များစွာရှိပြီး စိတ်ပျက်၊စိတ်ကုန်လွယ်တဲ့ ခံစားချက် ပိုင်ရှင်တွေ ဖြစ်ပါတယ် ။ အကောင်းဆုံးကိုမှ ကြိုက်နှစ်သတ်ကြတဲ့ သူမျိုးတွေပါ ။ တီထွင်ဖန်တီးနိုင်မှုအားကောင်းတာ နှိမ့်ချစွာ နေထိုင်ပြောဆိုပြုမူတတ်ပြီး တစ်ဖက်သားကို ကူညီဖို့လည်း အမြဲအဆင်သင့် ဖြစ်နေသူတွေပါ ။ တစ်ခါတစ်လေမှာတော့ နည်းနည်း ခေါင်းမာတတ်ပါတယ်။

အောက်တိုဘာ
အောက်တိုဘာဖွားတွေဟာ လူမှုဆက်ဆံရေးမှာ ကောင်းမွန်ပြီး သူငယ်ချင်းတွေအပေါ်လည်း သစ္စာရှိတတ်ကြပါတယ်။ ပြဿနာ ၊ အန္တရာယ်ဖြစ်နိုင်တာတွေကို အတတ်နိုင်ဆုံး ရှောင်ကြပါတယ် ။ သူတို့ရဲ့ လုပ်ဆောင်သမျှ အရာရာဟာ မျှတပြီး အကောင်းမြင်စိတ်ရှိကြပါတယ် ။ စကားအနည်းငယ်များတတ်ပြီး လူတွေရဲ့ ချစ်ခင်မှုကိုလည်း ရရှိတတ်တဲ့ သူမျိုးတွေ ဖြစ်ပါတယ်။

နိုဝင်ဘာ
ဒီင်္လမှာ မွေးဖွားသူတွေကတော့ သူတို့ရဲ့ အတွေးအမြင်တွေ ၊ ခံစားချက်တွေကို အခြားသူတွေမသိအောင် ကွယ်ဝှက်ထားတတ်ပါတယ် ။ သတ္တိရှိပြီး အခက်အခဲတွေ ကြုံလာတဲ့အခါမှာလည်း ကြောက်ရွံ့တတ်တဲ့ သူမျိုးတွေ မဟုတ်ပါဘူး ။ အကြောင်းအရာ တစ်ခုကို ထပ်တလဲလဲလာပြောနေတာကို မုန်းလေ့ရှိပြီး သူတို့ကို ခေါင်းမာတယ် ၊ အကြောမာတယ်လို့ ပြောတာကိုလည်း မကြိုက်ကြပါဘူး ။

ဒီဇင်ဘာ
ဒီဇင်ဘာလ မွေးဖွားသူတွေကတော့ သွက်လက်တက်ကြွသူတွေ ဖြစ်ပြီး နေရာတစ်ခုမှာ အချိန်ကြာကြာ နေရတာကို မုန်းတတ်ကြပါတယ် ။တစ်ခါတစ်ရံမှာတော့ သူတို့မှာရှိတဲ့ မာနကြောင့် အခက်တွေ့တတ်ပါတယ် ။ သူတို့ဟာ သတ္တိရှိပြီး နှိမ့်ချစွာ နေတတ်ပါတယ် ။အမြဲတမ်း သွက်သွက်လက်လက် နေတတ်ပြီး ပျော်စရာတွေ ရှာဖွေနေတတ်သူမျိုးတွေပါ။

CHAN (ရွှေအင်းလေး)

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*