Latest post

၅မိနစ်အတွင်း Energy ပြန်ရလာနိုင်မယ့် နည်းလမ်း ၈သွယ်

ဘာမှမလုပ်ချင်မကိုင်ချင်၊ ထိုင်းမှိုင်းနေတဲ့ အခါမျိုး ကြုံတဲ့အခါ အများအားဖြင့် ဘာလုပ်လေ့ရှိကြသလဲ။အများစုကတော့ လန်းဆန်းသွားအောင် ကော်ဖီသောက်တတ်ကြတယ်။ဒါပေမယ့် ဒိထက်ကောင်းတဲ့ တခြားနည်းလမ်းတွေကိုလည်း စမ်းပြီးလုပ်ကြည့်ဖို့ သင့်ပါတယ်။

၁။နေရောင်ခြည်နဲ့ထိတွေ့လိုက်ပါ။နေသာတဲ့အချိန် ပန်းခြံထဲက ထိုင်ခုံပေါ်ထိုင်ခြင်း (သို့)လမ်းလျှောက်ခြင်းက သင့်ကို အားအင်တွေ ပြန်ပြည့်လာစေပါလိ့မ်မယ်။တောက်ပတဲ့ အလင်းရောင်က သင့်ကိုပြန်ပြီး တက်ကြွနိုးကြားစေပါတယ်။

၂။ဟာသဗီဒီယိုများကြည့်ပါ။ဖေ့စ်ဘုတ်မှာ ဟာသဗီဒီယိုတွေ အများကြီးတက်တက်လာတာ ကြည့်ဖူးကြမှာပါ။အကယ်၍ ပျင်းရိပြီး တက်ကြွမှုနည်းနေလျှင်တော့ ထိုဟာသဗီဒီယိုတွေက သင့်ကို ပြန်လည် နိုးကြားစေပါလိ့မ်မယ်။

၃။လိင်စိတ်အာသာဖြေပါ။နည်းနည်းတော့ ရှက်စရာဆိုပေမယ့် ဒီလိုမျိုး လိင်စိတ်ကို လက်ဖြင့်နှိုးဆွ အာသာဖြေခြင်းက ဟော်မုန်းတွေကို ပြောင်းလဲတက်ကြွစေနိုင်ပြီး အားအင်တွေကိုလည်း ပြန်လည်ပြည့်ဝစေတယ်လို့ ဆိုပါတယ်။

၎။အသက်ပြင်းပြင်းရှုပါ။လေကို ခပ်ပြင်းပြင်းနှင့် ရှည်ရှည် ရှူရှိုက်ခြင်းကလည်း အားအင်ပြည့်ဝလာစေမယ့် နည်းလမ်းတစ်ခုပါပဲ။ပြတင်းပေါက်သို့ထွက်ပြီး မျက်လုံးမှိတ်ကာ လေကို ခပ်ဝဝ ရှူသွင်း၊ရှူထုတ် လုပ်ကြည်ပါ။တကယ်ကို စိတ်တွေပြန်လည်လန်းဆန်းလာပါလိ့မ်မယ်။

၅။ချစ်သူအကြောင်းစိတ်ကူးယဉ်ပါ။မိမိ၏ ချစ်သူ၊လက်တွဲဖော်အကြောင်း စိတ်ကူးယဉ်တွေးတောခြင်းကလည်း energy မြန်မြန်ပြည့်ဝလာစေမယ့် နည်းလမ်းတစ်ခုပါတဲ့။

၆။မြူးကြွတဲ့သံစဉ်သီချင်းများ နားထောင်ပါ။ဒီလိုသီချင်းတွေက သင့်စိတ်ကို နိုးကြားတက်ကြွစေပါတယ်။ထတော့ မကမိစေနဲ့ပေါ့ 😛

၇။လမ်းလျှောက်ပါ။၁၀မိနစ်ခန့် ခပ်သွက်သွက် လမ်းလျှောက်လိုက်ခြင်းက သင့်ကို နာရီများစွာ အားအင်ပြည့် တက်ကြွနေစေပါလိ့မ်မယ်။

၈။မုန့်စားပါ။အင်အားပြည့်စေမယ့် မုန့်မျိုးတော့ ဖြစ်ရမှာပေါ့။လေးလံထိုင်းမှိုင်း အီတောက်တဲ့ ဆီကြော်စာမျိုးတော့ မစားပါနှင့်။အကောင်းဆုံးကတော့ ဒိန်ချဉ် နှင့် အစေ့အဆန်များ စားသုံးပါ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*