တနင်္ဂနွေသားသမီးတို့ရဲ့ စိတ်နေသဘောထား

ဒီနေ့ တနင်္ဂနွေနေ့မှာ တနင်္ဂနွေနေ့ဖွား သားသမီးတွေရဲ့ အကြောင်းလေးတွေကို အနည်းအကျဉ်း ဖော်ပြပေးသွားပါမယ် ။လေ့လာထားမိသလောက် တနင်္ဂနွေသားသမီး အများစုရဲ့ အကြောင်းအချက်တွေမို့ မှန် ၊မမှန် တိုက်ကြည့်ကြပါဦးနော်..

–    တနင်္ဂနွေသားသမီး အများစုဟာ သဘောထားကြီးပြီး အရာရာကို အကောင်းမြင်စိတ်နဲ့ ကြည့်လေ့ ရှိကြပါတယ် ။ သူတို့ဟာ တကယ်ကို ယုံကြည်ထိုက်တဲ့သူတွေပါ။

–    သို့သော် ဘယ်သူ့ကိုမှ ပုံပြီး မယုံတတ်ပါဘူး ။ ဒါ့ကြောင့်လည်း သူများထက် သူငယ်ချင်းနည်းပါတယ် ။

–    စိတ်ခံစားမှုလွယ်ပြီး အခြားသူတွေရဲ့ ဝေဖန်ချက်ကြောင့် မကြာခဏ ဆုံးဖြတ်ထားသည်များကို ပြန်ပြင်နေရတတ်ပြီး သူတို့ရဲ့ စကားတွေအပေါ်မှာလည်း ဆိုက်ကိုဝင်နေလေ့ရှိပါတယ် ။

–    အတွေးသမားဖြစ်ပြီး တစ်ခါတစ်ရံ တွေးလွန်းတာကြောင့် တကယ့်ရည်းမှန်းချက်တွေကို အာရုံပြု အမှန်တကယ်လုပ်ဖို့ လက်လွတ်သွားတတ်ပါတယ် ။အချိန်ဆွဲတတ်တာ ၊ ယိမ်းယိုင် လွဲတတ်တာကတော့ ပြင်သင့်တဲ့ အချက်တွေပါ ။

–    ကူညီတတ်သော စိတ်သဘောထားရှိပြီး အချစ်ရေးမှာတော့ နှောင့်နှေးနေတတ်ပါတယ်။

–    လွတ်လပ်ခြင်းနဲ့ ချစ်ရတဲ့အချစ်ကို မြတ်နိုးကြပါတယ် ။

–    အနည်းငယ်ခေါင်းမာတတ်တာလေးကြောင့် အလုပ်လုပ်တဲ့နေရာမှာတော့ အခက်အခဲ တွေ့နိုင်ပါတယ်။

CHAN (ရွှေအင်းလေး)