ကြာသပတေးနေ့ မွေးဖွားသူတို့ရဲ့အကြောင်း တစေ့တစောင်း

ကြာသပတေးဖွား ကြွက်လေးတွေရဲ့ စိတ်နေသဘောထား ၊ အမူအကျင့်လေးတွေကိုလည်း  လေ့လာထားသလောက်
ဖော်ပြပေးသွားပါဦးမယ် ။ ဟုတ်သော်ရှိ ၊မဟုတ်သော်ရှိ ကြာသပတေး သားသမီးတွေက ဘယ်လိုတွေလဲဆိုတာ အောက်မှာ ကြည့်ကြည့်လိုက်ပါဦးနော်..

–    ကြာသပတေးဖွားတွေ အကောင်သေးတယ်ဆိုပြီး အထင်မသေးလိုက်နဲ့ ။ တကယ်ကို အမြော်အမြင် ကြီးမားပြီး နားလည်မှုအပြည့်အဝရှိကြတဲ့ သူတွေပါ ။ ဘယ်နေရာသွားသွား ပတ်ဝန်းကျင်ရဲ့ လေးစားမှုကို ရရှိတတ်ပြီး ဆွဲဆောင်မှုအပြည့် ယူထားနိုင်ကြပါတယ်။
–    ဒါ့အပြင် ခေါင်းဆောင်နိုင်တဲ့ အရည်းအချင်းနဲ့ ပြည့်စုံတာကြောင့် ဘယ်နေရာမှာပဲလုပ်လုပ် အမြင့်နေရာတွေမှာ လုပ်ရတတ်ပါတယ် ။(ခေါင်းမိုးပေါ်ကိုပြောတာ မဟုတ်ဖူးနော်) ။ ရာထူးကြီးကြီး နေရာမှာ လုပ်ရတတ်တဲ့ သူမျိုးတွေပါ။
–    လွတ်လွတ်လပ်လပ် နေရသော ဘဝနေထိုင်မှုကို သဘောကျပြီး ဘာပဲလုပ်လုပ် အောင်မြင်အောင် အကောင်းဆုံး လုပ်ဆောင်တတ်ကြပါတယ်။
–    ဘဝမှာ သူငယ်ချင်းကောင်းတွေ အများကြီးတွေ့ဆုံရတတ်ပေမယ့်လည်း ကောင်းသောဝေဖန်မှုဖြစ်စေ လက်ခံဖို့ မလွယ်ကူတတ်တာကြောင့် အခက်အခဲဖြစ်ရလေ့ရှိပါတယ် ။ တစ်ခါတစ်ရံတွင် မစဉ်းစားဘဲ ပြောမိတဲ့စကာတွေကြောင့် အချို့လူတွေရဲ့ နားလည်မှုလွဲခြင်းကိုလည်း ခံရတတ်ပါတယ်။
–    ခရီးသွားရတာကို အလွန်ကြိုက်နှစ်သက်ပြီး တစ်နေရာတည်းမှာ အကြာကြီးမထိုင်တတ်တဲ့ ပုံစံနဲ့ လူမျိုးတွေပါ။
–    လူတွေအပေါ် ရိုသေလေးစားမှုနဲ့ ဆက်ဆံတတ်ပေမယ့်လည်း တစုံတစ်ဦးက ရန်လိုတိုက်ခိုက်လာတာမျိုး ၊ ကြောတာမျိုးဆိုရင်တော့ သည်းခံတတ်တဲ့သူမျိုး မဟုတ်ပါဘူး ။
–    ထက်မြတ်ပြီး လုပ်ရည်ကိုင်ရည်ရှိသော်လည်း တမူထူးခြားပြီး ဒေါသကြီးတတ်တဲ့ ပုံစံကြောင့် အချို့လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ အခက်အခဲတွေ့နိုင်ပါတယ် ။ဒါ့ကြောင့် ကြာသပတေး သားသမီးတွေ ဒေါသကိုထိန်းနိုင်မယ်ဆိုရင်တော့ အရာရာ အဆင်ပြေသွားမှာပါ ..။

CHAN (ရွှေအင်းလေး)