လမ်းဘေးကခွေးမတွေရဲ့နို့ကိုလိုက်စို့တတ်တဲ့ အိန္ဒိယက ၁၀ နှစ်သားကလေးငယ်

အိန္ဒိယက ၁၀ နှစ်သား ကလေးငယ်တစ်ဦးဟာ အသက် ၄ နှစ်အရွယ်ကတည်းက ခွေးမရဲ့ နို့ကို သောက်သုံးပြီး ကြီးပြင်းလာခဲ့တယ်လို့ သိရပါတယ်။ အံ့အားသင့်စရာကောင်းပြီး မယုံကြည်နိုင်ရ လောက်တဲ့အထိကို ဖြစ်ရတဲ့ အထိကိုပဲ သူ့ရဲ့ ထူးထူးခြားခြား အပြုအမူနဲ့ စွဲလမ်းမှုအကျင့်ကို ဖျောက် ပစ်ဖို့ မိဘဖြစ်သူတွေမှာလည်း အတော်လေးကို အခက်တွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။

အိန္ဒိယ၊ မက်နင့်လန်းက အဆိုပါကလေးငယ်က လမ်းဘေးခွေးမတွေကို မြင်တာနဲ့တင် ခွေးနို့လိုက် လံ ဆို့သောက်သုံးနေတဲ့ အကျင့်တစ် ခုက ၄ နှစ်သား အရွယ်ကတည်းက စတင်ပြီးဖြစ်ပေါ်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ မိုဟစ်လို့အမည်ရတဲ့ ကလေးငယ်က အသက် ၂ နှစ်သားအရွယ်မှာ မိခင်နို့ဖြတ်ခဲ့ပြီးတော့ ၄ နှစ်အရွယ်မှာတော့ ဒီလို အံ့အားသင့်စရာနဲ့ ထိတ်လန့်စရာကောင်းတဲ့ ထူးထူးဆန်းဆန်း အပြုအမူကို စတင်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖြတ်သွားဖြတ်လာ လမ်းဘေးခွေးမတွေမြင်တာနဲ့တင် ကလေးငယ်တစ်ယောက်က မိခင်နို့ဆွဲ သောက် သုံးသလို ခွေးတွေရဲ့ နို့ကိုအတင်းဆို့သောက်သုံးတာပဲဖြစ်ပါတယ်။ သူဟာ နေအိမ်အပြင်ဘက်မှာ ခွေးတွေနဲ့ အမြဲတစေဆော့ကစားနေတတ်ပြီးတော့ တစ်ခါတစ်ရံမှာလည်း ခွေးတွေရဲ့ နို့ကိုသောက် သုံးတတ်တယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူရဲ့ ပြောကြားချက်ထဲမှာဆိုရင်လည်း သားဖြစ်သူဟာ ခွေးတွေနဲ့ ဆော့ကစားတတ်ပြီး ခွေးမတွေရဲ့ နို့ကိုကလေးတစ်ယောက်လို့ သောက်သုံးလေ့ရှိကာ အဆိုပါ ခွေးမတွေကလည်း သားဖြစ်သူကို ကြည်ကြည်ဖြူဖြူပဲ ရန်မလုပ်ပဲနဲ့ တိုက်ကျွေးလေ့ရှိတယ် လို့ ဆိုပါတယ်။

ကလေးငယ်ရဲ့ ဒီလိုမျိုး အံ့အားသင့်စရာကောင်းတဲ့အပြုအမူကြောင့် မိဘတွေမှာ စိုးရိမ်ပူပန်မှုတွေနဲ့ ရှိပြီးတော့ ဒီ့ထက်ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေဖြစ်လာမှာကိုလည်း စိုးရိမ်ပူပန်တာကြောင့် က လေးငယ်ကို ကျောင်းအပ်နှံထားခြင်းမရှိဘူးလို့ ဆိုပါတယ်။ နောက်ပြီး ကလေးငယ်ကို ကျန်းမာရေးဝန် ဆောင်မှု ဆေးဝါးဌာနသို့ ခေါ်သွားပြီး ခွေးရူးပြန်ကာကွယ်ဆေးဝါး ထိုးပေးပြီး ကာကွယ်ပေးထားတယ် လို့လည်း ဆိုပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*