ကမ္ဘာ့ပထမဆုံး Notch ပါ Android ဖုန်းကို MWC 2018 မှာမိတ်ဆက်တော့မယ်

2017 ခုနှစ်ဟာ မျက်နှာပြင်ပြည့် စမတ်ဖုန်းတွေ အများစုထုတ်လုပ်ခဲ့တဲ့ နှစ်လို့ဆိုရင် 2018ကတော့ Notch ပါတဲ့ စမတ်ဖုန်းတွေ ထွက်လာနိုင်မယ့် နှစ်လို့ ဆိုနိုင်ပါတော့မယ်။ ဘာကြောင့်လဲဆိုရင် 2018 ခုနှစ် အတွင်းမှာ ထွက်လာနိုင်ခြေရှိတဲ့ စမတ်ဖုန်းအများစု လေလာ့ကြည့်တဲ့အခါမှာ Notch ဒီဇိုင်းတွေ ထည့်လာဖို့ ပြုလုပ်နေကြလို့ပါဘဲ။

အခုဆိုရင် မဝေးတော့တဲ့ကာလအတွင်းမှာ Notch ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး Android ဖုန်းကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Leagoo S9/S9 Pro တို့မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Leagoo S9/S9 Pro တို့ကို လာမယ့်ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ MWC ပွဲမှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာကတော့ တရုတ်စမတ်ဖုန်းကုမ္ပဏီဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးစာရင်းဝင် စပါးအသင်းရဲ့ တိုက်စစ်မှုးဟယ်ရီကိန်းနှင့် တွဲပြီး ယင်းဖုန်းကို မိတ်ဆက်လာမှာ ဖြစ်ပါတယ်။

Leagoo ဟာ S9/S9 Pro တို့ မိတ်ဆက်ပွဲကို သူတို့ရဲ့ဝက်ဘ်ဆိုက်ဖြစ်တဲ့ http://www.leagoo.com/leagoo-2018-mwc-activity/ မှ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*