အသည်းမကွဲဘူးဆိုပေမယ့် ရောဂါနဲ့လုံးဝမတည့်တဲ့အရက်ပြင်းတွေ သောက်ခဲ့တဲ့ ဆယ်လီနာ

ရည်းစားဟောင်းရဲ့ စေ့စပ်သတင်းကြောင့် ဆယ်လီနာက ဘယ်လိုမှမခံစားရဘူးလို့ ဆိုနေပေ မယ့် လည်း သူမရဲ့ရင်ထဲ ဘယ်လောက်တောင် ဗလောင်ဆူနေလိမ့်မလဲဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ဆယ်စုနှစ်ကျော်ကြာ ပြတ်လိုက်ဆက်လိုက် အချစ်ရေးနဲ့ သံယောဇဉ်တွေက ဆယ်လီနာဂိုးမက်စ်နဲ့ ဂျက်စတင်ဘီဘာတို့နှစ်ယောက်ကြား ဘယ်လောက်ကြီးမားသလဲဆိုတာ သိနိုင်ပါတယ်။

ဒါပေမယ့် လက်တလောတော့ ကျန်းမာရေးမကောင်းလို့ စိတ်အားငယ်နေတဲ့အချိန် ရင်နှင့်အမျှ သိပ် ချစ်ရတဲ့ ဂျက်စတင်ဘီဘာက ရည်းစားဟောင်း မိန်းကလေးနဲ့ စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက် ပေါ်လာခဲ့လို့ ဆယ်လီဂိုးမက်စ်လေး နေသာထိုင်သာမှ ရှိနေပါ့မလားလို့ ပရိတ်သတ်တွေက စိတ်ပူနေ ကြမှာပါ။

ရေဒါအွန်လိုင်းသတင်းရဲ့ အနုပညာရှင်အထူးသတင်းဖော်ပြချက်ထဲမှာဆိုရင် ဆယ်လီနာဂိုးမက်စ်တစ် ယောက် သူမရဲ့ သေစေနိုင်လောက်တဲ့ ရောဂါနဲ့ လုံးဝမတည့်တဲ့ အရက်သောက်တာတွေ ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။ နယူးယောက်က ဘားဆိုင်တစ်ခုမှာ အဆိုတော်မလေး ဆယ်လီနာဂိုးမက်စ်က သူငယ်ချင်းတစ်ဦးနဲ့ ညဥ့်နက်အထိ အရက်ပြင်းတွေသောက်နေခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ သူမကျန်းမာရေးအတွက် အရမ်းကိုအန္တရာယ်များတဲ့ အပြုအမူပဲဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ အဆိုတော်မလေး ဆယ်လီနာက လူးပတ်စ်ဆိုတဲ့ လက္ခဏာနဲ့ ကျောက်ကပ် ဝေဒနာကို ခံစားနေရပြီး မကြာသေးခင်ကမှ ခွဲစိပ်ကုသမှုခံယူခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ နယူး ယောက်အခြေစိုက်ကျောက်ကပ်ရောဂါ ကျွမ်းကျင် ဆရာဝန်တစ်ဦးရဲ့ ပြောပြချက်အရတော့ ဒီရောဂါ လက္ခဏာရှိသူတွေဟာ အရက်သောက်သုံးခြင်းကို အထူးရှောင်ကြဉ်သင့်ပြီးတော့ အကယ်၍ မရှောင် နိုင်ပါကသေနိုင်တယ်လို့ ဆိုပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*