Samsung က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ Galaxy S9 ကို မိတ်ဆက်မယ်လို့ အတည်ပြု

ဆမ်ဆောင်းက ဘာစီလိုနာမှာ ကျင်းပမယ့် Galaxy S9 နဲ့ S9+ မိတ်ဆက်ပွဲအတွက် ဖိတ်စာတွေကို မီဒီယာတွေဆီ ဝေငှလိုက်ပါပြီ။ ဖိတ်စာမှာ လာမယ့်လ ၂၅ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ဖော်ပြထားပြီး 9 စာလုံးကို ရေးသားထားပါတယ်။ ဒါ့အပြင် The Camera. Reimagined ဆိုတဲ့ စာသားကိုလည်း ရေးသားထားတဲ့အတွက် ကင်မရာအတွဲအစပ်တွေကိုလည်း ဒီဇိုင်းပြောင်းလဲထားဖွယ်ရှိနေပါတယ်။

Samsung Galaxy S9 မှာ နောက်ကင်မရာ 12-Megapixel Ois (Optical Image Stabilization) Support ပေးပြီးတော့ S9+ မှာတော့ Dual-Camera (12mp+12mp) နဲ့လာမှာဖြစ်ပါတယ်။ ရှေ့ကင်မရာမှာတော့ ဖုန်၂လုံးလုံးမှာ 8-Megapixel Selfie ကင်မရာတွေကိုသုံးထားပြီး Autofocus နဲ့ မျက်ဝန်းဖတ် Iris Recognition စနစ်တွေပါဝင်မှာဖြစ်ပါတယ်။

S9 ရဲ့ အနှေးဗီဒီယိုများ ရိုက်ကူးတဲ့ ဖရိမ်နှုန်းဟာ ပိုမိုမြင့်မားလာပြီး 480fps အထိထောက်ပံ့မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်နဲ့ ကြိုးမဲ့အားသွင်းနည်းပညာများဟာလည်း တိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။ 15w Fast-Charging Model ကိုတော့ ဆက်သုံးထားနိုင်ပါတယ်။

ကင်မရာတွေအပြင် ဖုန်းရဲ့ Display တွေက Galaxy S9 မှာ 5.77 Inch Display ဖြစ်ပြီး S9+ မှာတော့ သူ့ထက်ပိုကြီးတဲ့ 6.22 Inch Screen ကိုသုံးထားမှာဖြစ်ပါတယ်။ Ram တွေကတော့ S9 အတွက် 4gb S9+ အတွက် Ram 6gb ဖြစ်မယ်လို့ သိထားပါတယ်။ ဘက်ထရီကတော့ S9 မှာ 3,000mah ဘက်ထရီနဲ့ S9+ မှာတော့ 3500mah ဘက်ထရီတွေကိုသုံးထားမယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကြိုတင်မှာယူခွင့်ပြုနိုင်ပြီး မတ်လ ၁၆ ရက်နေ့မှာ ရောင်းချနိုင်ပါတယ်။ အခြားပြိုင်ဘက်ကုမ္ပဏီတွေရဲ့ဖုန်းတွေလဲ MWC မှာပြသသွားဖို့ ပြင်ဆင်နေကြပါတယ်။

ကေကေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*