လူရှေ့သူရှေ့မရှောင် ချစ်ကျီစယ်ရင်း အကဲပိုတတ်ကြတဲ့ ဆယ်လီစုံတွဲများ

အနုပညာရှင်တွေဆိုတာဟာ လူအများအရိပ်တကြည့်ကြည့် စောင့်ကြည့်ခံသမားတွေဖြစ်တာကြောင့် ကင်မရာရှေ့၊ မီဒီယာသမားရှေ့ ရောက်တာနဲ့ အလှဆုံးဖြစ်နေအောင် နေထိုင်တတ်ကြပြီး ကောလဟလသတင်းတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေ မခံရဖို့ကိုလည်း အနေအထိုင်၊ အသွားအလာ ဆင်ခြင်ကြရပါတယ်။ ဒါပေမယ့် တချို့သော ဆယ်လီစုံတွဲတွေကတော့ လူရှေ့သူရှေ့၊ မီဒီယာသမား ရှေ့မှာလည်း မရှောင်ဘဲ ချစ်သူကိုကျီစယ်တတ်ကြပြီး အကဲပိုတတ်ကြပါတယ်။ သူတို့ကိုတော့ လူတွေက အပြစ်မမြင်ကြဘဲ အရမ်း ချစ်တတ်တဲ့ စုံတွဲတွေလို့ တောင် ချီးကျူးကြပါသေးတယ်။

Kim Kardashian West and Kanye West

ကင်ညေးဝက်စ်ကတော့ သူ့ရဲ့ ဇနီးဖြစ်သူ ကင်မ်ကာဒါရှီရန်ရဲ့ ခန္ဓာကိုယ်ကို ကြိုက်နှစ်သက်တယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း ဝန်ခံထားပါတယ်။ ဒါ့ကြောင့်လည်း လူရှေ့၊ သူရှေ့၊ မီဒီယာတွေရှေ့ မှာဆိုလည်း သူ့ရဲ့ ဇနီးဖြစ်သူကို ဟိုထိလိုက်၊ ဒီတို့လိုက်နဲ့ အမြဲပြုလုပ်နေတတ် ပါတယ်။ အခုပုံမှာဆိုရင်လည်း ၂၀၁၅ခုနှစ် ဂရမ်မီဆုပေးပွဲ အနီရောင် ကော်ဇောထက်မှာ ချစ်ကျီစယ်နေကြပုံကို မြင်တွေ့ရမှာပါ။

Chrissy Teigen and John Legend

All of Me သီချင်း အဆိုရှင် John Legend ကတော့ ဇနီးဖြစ်သူကို အရမ်းချစ်လွန်းတဲ့ အနုပညာရှင် တစ်ဦးအဖြစ် နာမည်ကြီးလှပါတယ်။ ၂၀၁၆ ခုနှစ်မှာကျင်းပခဲ့တဲ့ 88th Annual Academy Awards အနီရောင်ကော်ဇောထက်မှာ ကိုယ်ဝန်ဆောင်ထားရတဲ့ ဇနီးဖြစ်သူကို အနမ်းပေးနေတဲ့ ပုံက တကယ့်ကို ချစ်စရာကောင်းလွန်းလှပါတယ်။

Ryan Reynolds and Blake Lively

သူတို့ စုံတွဲလေးကတော့ မီဒီယာတွေကြား ချစ်စရာကောင်းတဲ့ စုံတွဲအဖြစ် လူသိများလှပါတယ်။ အင်တာဗျူးအစီအစဉ်တွေမှာဆိုလည်း တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြနဲ့ တကယ့်ကို ချစ်စရာကောင်းလှပါတယ်။ 2014 Met Gala ပွဲတက်တုန်းကလည်း အနီရောင်ကော်ဇောထက်မှာ မီဒီယာတွေရှေ့ လည်း မရှောင် အကဲပိုချစ်နေကြတာကို ပုံမှာတွေ့မြင်ရမှာပါ။

Jennifer Lopez and Alex Rodriguez

အရမ်းချစ်ကြတဲ့ ဆယ်လီစုံတွဲတွေထဲမှာ ဂျနီဖာလိုပက်ဇ်တို့ အတွဲကလည်း ပါဝင်နေပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ Mat Gala အနီရောင် ကော်ဇောထက်မှာ တစ်ယောက်နဲ့ တစ်ယောက် ကြင်နာတဲ့ အကြည့်တွေနဲ့ အနမ်းချင်းဖလှယ်ခဲ့ကြပါသေးတယ်။

Zoe Saldana and Marco Perego

မီဒီယာတွေရှေ့ အကဲပိုတတ်ကြတဲ့ စုံတွဲတစ်တွဲပါပဲ။ ၂၀၁၆ခုနှစ်က  ပွဲတစ်ခုမှာ မီဒီယာတွေရှေ့ နှစ်ဦးသား ဖက်ရင်း ကြင်နာစွာ အနမ်းပေးနေကြတာကို မြင်တွေ့ရမှာပါ။ သူတို့အတွက်တော့ ကိုယ်ချစ်ရသူကို လူရှေ့သူရှေ့ ကြင်နာယုယတာဟာ ရှက်စရာမဟုတ်ဘူးလို့ မှတ်ယူထားတာပါ။

Beyoncé and Jay-Z

ဒိတ်ဒိတ်ကြဲစုံတွဲတစ်တွဲဖြစ်တဲ့ ဘီယွန်းစေးနဲ့ ဂျေဇီတို့ကလည်း ချစ်စရာအကောင်းဆုံး စုံတွဲလို့ ပြောလို့ရပါတယ်။ တစ်ဦးနဲ့ တစ်ဦး သစ္စာရှိရှိပေါင်းသင်းနေထိုင်ကြပြီး ဂျေဇီဟာ လူရှေ့သူရှေ့မှာလည်း ဘီယွန်းစေးကို ကလေးတစ်ယောက်လို ဂရုစိုက်တတ်သူတစ်ဦးပါပဲ။ ပြီးခဲ့တဲ့ On the Run II Tour ဆိုတဲ့ ရှိုးပွဲမှာလည်း စင်မြင့်ထက်မှာ နှစ်ဦးသား အနမ်းဖလှယ်ခဲ့ကြပါသေး တယ်။

Madelaine Petsch and Travis Mills

Madelaine နဲ့ Travis တို့ဟာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို မီဒီယာတွေမှာ ဖုံးကွယ်ထားခြင်း မရှိပါဘူး။ စတွဲကတည်းက အင်စတာဂရမ်မှာ ချစ်စရာကောင်းတဲ့ စုံတွဲပုံတွေကို အမြဲတင်လေ့ရှိသူ တွေပါ။ 2018 MTV Movie and TV Awards ပွဲမှာလည်း Travis က Madelaine ကို နဖူးထက် ကြင်နာစွာ အနမ်းပေးနေပုံက တကယ့်ကို ရိုမန်းတစ်ဆန်လွန်းလှပါတယ်။

ရွှေရောင် (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*