တရုတ်နိုင်ငံတွင် မင်းသမီးတွေရဲ့ အဖော်အချွတ်ဇာတ်ဝင်ခန်းတွေအတွက် ကိုယ်စားသရုပ်ဆောင်ဆောင်ဖို့ “ရင်သားအလှမော်ဒယ်ပြိုင်ပွဲ” ပြုလုပ်ခဲ့

တရုတ်နိုင်ငံရဲ့ အကြီးဆုံးသော ရုပ်ရှင်စတူဒီယိုတစ်ခုဟာ လူစားလဲ ကိုယ်လုံးတည်းမော်ဒယ်အတွက် တရားဝင် ရင်သားအလှမော်ဒယ်ပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ရာ နိုင်ငံအနှံ့ရှိ မိန်းကလေးအများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

“Chinawood” လို့တောင်ခေါ်တွင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလျက်ရှိတဲ့ Hengdian World Studios မှ စီစဉ်ပြုလုပ်တာဖြစ်ပြီး ပထမဆုံးသော ရင်သားအလှမော်ဒယ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ မင်းသမီးတွေကိုယ်တိုင် မရိုက်ကူးချင်တဲ့ အဖော်အချွတ် ဇာတ်ဝင်ခန်းတွေမှာ ကိုယ်စားသရုပ်ဆောင်ခွင့်ရရှိဖို့ မျှော်လင့်ချက်နဲ့ တရုတ်နိုင်ငံအနှံ့ရှိ တက္ကသိုလ်ကျောင်းသူတွေ အများအပြားလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဆက်စီကျကျ ရေကူးဝတ်စုံဝတ်ပြီး ရင်သားဖြင့်ပူဖောင်းဖောက်ခြင်း၊ ရင်ကြားထဲ စမတ်ဖုန်းထည့်ခြင်း အစရှိတဲ့  စိန်ခေါ်မှုအများအပြားကို အဆင့်ဆင့် ဖြတ်ကျော်ရပါတယ်။

Chongqing ပြည်နယ်က အမည်ဖော်ပြခြင်းမရှိတဲ့ အနိုင်ရရှိသူဟာ တစ်နေ့ဝင်ငွေ တရုတ်ယွမ် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၅၉၁) ခန့် ရရှိမှာဖြစ်ပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*