တရုတ်မှာလူကြိုက်များနေတဲ့ မိန်းကလေးများနဲ့ဖွဲ့စည်းထားတဲ့ ယောကျာ်းလေးအဆိုတော်အဖွဲ့

FFC-Acrush အမည်ရ အဖွဲ့တစ်ခုဟာ တရုတ်နိုင်ငံမှာ လတ်တလော လူကြိုက်များနေတဲ့ ယောကျာ်းလေးအဖွဲ့ဖြစ်ပါတယ်။ ယောကျာ်းလေးအဖွဲ့ဆိုပေမဲ့ အမှန်စင်စစ်ကတော့ ယောကျာ်းလေးဆန်ဆန် ဝတ်စားပြီး ဖျော်ဖြေကြတဲ့ မိန်းကလေးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အဖွဲ့ဝင်မိန်းကလေးတွေက စကတ်၊ ဂါဝန်နှင့် မိန်းကလေးအဝတ်တွေအစား ယောကျာ်းလေးဝတ် ဘောင်းဘီ၊ ရှပ်အကျီင်္တွေ ဝတ်စားကြပါတယ်။ သူတို့ရဲ့ ဆန်းသစ်တဲ့စိတ်ကူးကို လူတွေကသဘောကျကြပြီး သူတို့ရဲ့ရုပ်ရည်ကြောင့်လည်း ပိုမိုအားပေးလာကြပါတယ်။ အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းက ယောကျာ်းလေးနဲ့တူအောင် ကြိုးစားအားထုတ်ထားတာကြောင့် မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်နိုင်တဲ့ ယောကျာ်းလေးအဖွဲ့လိုပဲ ခံစားမှုရသကို ပေးစွမ်းနိုင်ကြပါတယ်။ FFC-Acrush အဖွဲ့ဟာ တရုတ်နိုင်ငံမှာသာမက အာရှပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီဖြစ်ပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*