ပိုက်ဆံခိုးလို့သားဖြစ်သူကို ဆိုင်ကယ်နောက်ကနေ တရွတ်တိုက်ဆွဲခေါ်သွားခဲ့တဲ့ တရုတ်မိခင်တစ်ဦး

တရုတ်နိုင်ငံက မိခင်တစ်ဦးဟာ သားသမီးတစ်ဦးကို ဆုံးမတဲ့နေရာမှာ ရက်စက်လွန်းလို့ လူမှု ကွန်ရက်နဲ့ သတင်းစာမျက်နှာပေါ် ပြစ်တင်ဝေဖန်မှုတွေ ခံနေရပါတယ်။  ယူနန်ပြည်နယ်၊ ဇာအို တန်မှာဖြစ်ပျက်ခဲ့တာကို ဗွီဒီယိုရိုက်ကူးမှတ်တမ်းတင်ပြီး ဆိုရှယ် နက်ဝက်ပေါ် ရှဲလ်ခဲ့လို့ လူသိများ သွားခဲ့ကြပါတယ်။

အဆိုပါ ရုပ်သံဖိုင်ထဲမှာဆိုရင် မိခင်တစ်ဦးဟာ ဆိုင်ကယ်မောင်းနှင်ရင်း နောက်က ကလေးငယ်တစ်ဦး ကို တရွတ်တိုက်ဆွဲမောင်းနှင် လာခဲ့တာကို တွေ့ရပါတယ်။ နောက်ဘက်ကနေ နာကျင်မှုဝေဒနာနဲ့ အော်ဟစ်ငိုယိုလာခဲ့တဲ့ သားဖြစ်သူကို မိခင်က လက်ကိုကြိုးနဲ့ တုပ်ချည်ပြီး ဆိုင်ကယ်မှာ ချည်နှောင် စေကာ တစ်ရွတ်တိုက်ဆွဲပြီး အပြစ်ပေးဆုံးမတာဖြစ်တယ်လို့ ဆိုပါတယ်။

လမ်းတလျှောက် သွားလာနေသူတွေရဲ့ အော်ဟစ်ရပ်တန့်မှုနဲ့ စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာတော့ သူမဟာ မိခင်အရင်းတစ်ဦးဖြစ်ကာ သားဖြစ်သူရဲ့ ပိုက်ဆံခိုးယူခဲ့တဲ့ အကျင့်ကို ပြန်ပြီးအပြစ်ပေးတဲ့ အနေနဲ့ ဆုံးမတာဖြစ်တယ်လို့ ဖြေပါတယ်။ ဒါပေမယ့် ဒီလိုဆုံးမတဲ့ နည်းလမ်းဟာ သိပ်ကို ထိတ်လန့် ကြောက်ရွံ့စရာကောင်းပြီး ကလေးငယ်မှာလည်း အသက်အန္တရာယ်ရှိကာ ပတ်ဝန်းကျင်က မြင်ရတဲ့ လူတွေအဖို့လည်း စိတ်မသက်သာဖြစ်စေ ဒေါသထွက်စေခဲ့ရတာလည်း ဖြစ်ပါတယ်။

ယွမ်နှစ်ထောင်ကို ခိုးယူခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် သားဖြစ်သူကို ဆိုင်ကယ်နောက်က တရွတ် တိုက်ဆွဲခဲ့ပြီး အပြစ်ပေးခဲ့တဲ့ မိခင်တစ်ဦးရဲ့ ဒီရုပ်သံဖိုင်ဟာဆိုရင် တရုတ်ဆိုရှယ်မှာ အလျင်အမြန်ပျံ့ နှံ့သွားပြီး မိခင်ကို ရဲတပ်ဖွဲ့ဝင် တွေ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုမျိုး ရက်စက်ပြီး ထိတ် လန့်စရာကောင်းတဲ့ မိခင်ရဲ့အပြစ်ပေးမှုကြောင့် ကလေးငယ်မှာ အသက်ဆုံးရှုံးမှုအထိ မဖြစ်ပေမယ့် ကိုယ်လက်ခြေလက်တွေမှာ ဒဏ်ရာအနာတရတွေတော့ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*