Oct 24 2011

Oct 24 2011

မသိတဲ့အကြောင်း

မနေ့ကလိုမျိုးဒီညဟာ … မိုးစောစောလင်းဖို့ …

မနက်ဖန်လိုမျိုးဒီနေ့ဟာ …

ညမြန်မြန်ပြန်ရောက်ဖို့ …

အတ္တသမားရဲ့ ရှင်ပြန်ထမြောက်မှုမျိုး …

ဝက်တစ်ကောင်လို ငြီးငွေ့ပျက်စီးတယ် …

ဖွဲ့ဆိုတဲသီချင်းဟာ …

သမုတိနယ်ခြားမှာ ၀တ္တရားဆန်စွာအသက်ရှုနေကြခြင်းအကြောင်း …

သံသရာကိုလက်ပစ်ကူးဖို …

မဟာဇနကလောက်ဘယ်သူအသဲမာခဲ့သလဲ …

သမိုင်းဟာစစ်နိုင်သူရေးဖို့ …

တိုက်ပွဲအတွက် နပိုလီယံကိုမစောင့်ဘူး …

ဘာမှမတတ်နိုင်ရင် အနမ်းနဲ့ခွဲကြစို့ …

ကန္တာရဆန်မဲ့မနက်ဖန်များ ….

ကြုံသလိုများ ငါတို့ ……

ဆက်လက်ကူးခတ်တယ် …

ပန်စိုင်းလူး

Sep 25 2011

အင်းသားတို့ပွဲ

အိုးစည်သံပြိုင်နွှဲလင်းကွင်းနဲ့

အင်းလေးမှ ကျောင်းတော်ဝင်

ဝါကျွတ်ချိန်တွင်

ဖောင်တော်ဦးမြတ်ရှင်ပင်၊ လှေယဉ်နဲ့ ကြိုဆွဲ

ပြိုင်လှေတွေ တဖုံတွဲလို့

နွှဲကြတဲ့ပွဲ။

ပျိုတို့ရွာ လူပျိုသိုးက

ထိုးမင်ကြောင်ကွက်ထင်ထင်

လှေစင်ပေါ်တွင်

သိုင်းကကွက်ဆင်၊ အသွင်ကလွန်ထူး

လှေလှော်သားနောက်လိုက်များတယ်

ပြေကျော်ကြား လက်ခုပ်ဝါးရယ်

ဟားတိုက်လို့မြူး။

မောင်တို့ရွာ ခင်မှုံလေးက

ကွေးကောက်ကောက် ဆံမြိတ်နွယ်

အသားဝါ ကြည်ကြည်ဖွေးအောင်

မွှေးနံသာခြယ်။

အင်းသူမို့ အလှကြွယ် လနှယ်ပ တနှုန်း

မြင်မရိုးလေတဲ့

အင်းပိုးထည် အဆင်လှနဲ့

ယဉ်စစ မူဟန်ထူးတယ်

မြူးလို့ ရွှင်ပြုံး။

ဖောင်တော်ဦး ကျောင်းပေါ်ရောက်တော့

ကျောင်းအောက်က ရေပြင်မှာ

ပြိုင်လှေတွေ တက်ရည်သွေးလို့

ကြွေးဟစ်လှော်ရှာ။

ဒို့ရွာကလှေမှာ၊ ပြိုင်ပါတဲ့သည်ပွဲ

ခြေတဖက်လှော်တက်များရယ်

အားသစ်လို့ခဲ။

ပန်းဆွဲတဲ့ ကိုလူပျို

မလေးမှုံ ပန်းကုံးဆက်တော့

ရှက်ပြုံးနွဲ့ချို။

ဒို့ရွာကကြို၊ ဟစ်ဆိုကြ “လေ့လေ့ဟော”

သည်နှစ်မှာ နိုင်တဲ့ပွဲလို

နောင်နှစ်ခါ ပန်းကိုဆွဲမယ်

အားခဲကြလော။

ယုမောင် (အင်းလေး)

Sep 02 2011

ရွှေအင်းလေးမိသားစု မိတ်ဆုံစားပွဲနှင့် အစည်းဝေးပွဲအတွက် ဖိတ်ကြားခြင်း

အချိန် : နေ့လည် ၂:၃၀ မှ စ၍  ——————–

နေ့ရက် : ၀၃.၀၉.၂၀၁၁ ( စနေနေ့  )

စုရပ် :  Mac Donald (East Coast)

ရွှေအင်းလေးမိသားစုဝင်များ ခင်မင်ရင်းနှီးစွာဖြင့် စားသောက်ဖွယ်ရာများစားရင်း ပျော်ရွှင်ဖွယ်ရာ Game များ ကစားကြမယ်။

လစဉ်ကျင်းပနေကြဖြစ်သော အစည်းအဝေးကိုလည်း တဆက်တည်းကျင်းပမယ်။

အားလုံးမပျက်မကွက်    တူညီဝတ်စုံလေးတွေဝတ်ပြီး  ပျော်ပျော်ရွှင်ရွှင်ဆုံစည်းကြရအောင်။

လေးစားစွာဖြင့်

Admin Group

Shwe Inn Lay Family

Jul 08 2011

Monthly Meeting ( Month of July-2011 )

Date           :  10th July 2011 ( Sunday – 4:00pm )

Location  :  Resident of Ko Nyan Aye + Ma Hnin Wutyi ( Hp: 9450 8750 )

Block 133, #10-1209, Bedok Reservoir Road

Direction : Please take Bus No. 60 from Eunos-Interchange  ( Station ) and alight at 7th bus-stop, Block 133 infront.

ရွှေအင်းလေးပါရမီဖြည့် ကုသိုလ်ဖြည့်အဖွဲ့ဝင် များ  အားလုံး  မပျက်မကွက်တက်ရောက် ပါဝင် ဆွေးနွေးအကြံ ပြုသွားကြရန်  တိုက်တွန်း နိုူးဆော်အပ် ပါတယ်..

Jun 04 2011

Monthly Meeting ( Month of June-2011 )

Date           :  5th June 2011 ( Sunday – 4:30pm )

Location  :  Resident of Ma Thapyae Soe Win

Block 162, #04-605, Woodlands St 13  ( Near Marsiling MRT Station )

Direction :  Blk 162 is just beyond the playground when you come out of the passenger service.

ရွှေအင်းလေးပါရမီဖြည့် ကုသိုလ်ဖြည့်အဖွဲ့ဝင် များ  အားလုံး  မပျက်မကွက်တက်ရောက် ပါဝင် ဆွေးနွေးအကြံ ပြုသွားကြရန်  တိုက်တွန်း နိုူးဆော်အပ် ပါတယ်..

May 15 2011

ဆရာဦးအောင်သင်း ဟောပြောပွဲ (၁၄.၀၅.၂၀၁၁ ဓါတ်တော်တိုက်)

May 15 2011

ရွှေအင်းလေး ပါရမီဖြည့် ကုသိုလ်ပြုအဖွဲ့ ၏ တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အလှူပွဲ (၈.၀၅.၂၀၁၁)

May 15 2011

မြန်မာ့နှစ်သစ်ကူး သက်ကြီးပူဇော်ပွဲ နှင့် မြန်မာ့ရိုးရာသင်္ကြန် ရေသဘင်ပွဲတော် (၁၇.၀၄.၂၀၁၁)

May 03 2011

ရွှေအင်းလေးပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့၏ တစ်နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်အလှူပွဲ

ရွှေအင်းလေးမိသားစုဝင်များခင်ဗျား ၊

လာမည့်တနင်္ဂနွေနေ့ (၀၈.၀၅.၂၀၁၁) တွင် အင်းလေးမိသားစုဖွဲ့စည်းခဲ့သော တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။

အထိမ်းအမှတ်အဖြစ် မိသားစုဝင်များလစဉ်ထည့်ဝင် (ရံပုံငွေ) ဖြင့် ဓါတ်တော်တိုက် ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် သံဃာတော်များအား  နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး နှစ်ပတ်လည်အစည်းအဝေးလည်း ကျင်းပမည်ဖြစ်ပါသည်၊

အင်းလေးမိသားစုများအားလုံး မပျက်မကွက်တက်ရောက်၍ ပျော်ရွှင်ဝမ်းမြောက်စွာ ၀ိုင်းဝန်းပါဝင်ချက်ပြုတ်ကာ အလှူပြုကုသိုလ်ယူကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အသေးစိတ်အစီအစဉ်များကတော့  ,,,,,

~၀၇.၀၅.၂၀၁၁ စနေနေ့ညနေပိုင်းမှစ၍ ဓါတ်တော်တိုက်တည်ရှိရာ No. 59, Lorong 4 Geylang  တွင် ၊ နေ့ဆွမ်း အတွက်ချက်ပြုတ်ခြင်း ၊

~၀၈.၀၅.၂၀၁၁ မနက် ၁၀:၃၀ တွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား ထမင်း၊ ဝက်သားဟင်း၊ ပဲလုံးဆေးခါးဟင်း၊ သရက်ချဉ်သုပ်၊ ငရုတ်သီးငါးခြောက်ကြော် ၊အအေး တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်း၊

~နေ့လည်တစ်နာရီတွင် ရေစက်ချတရားနာပြီး နှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်း တို့ဖြစ်ပါသည်။

သီးသန့် လှူဒါန်း ကုသိုလ်ယူလိုသူများအနေဖြင့် ..

ကိုဥာဏ်အေး (POSB SAVING – 104-53171-7)

Hp: 8139 9604 သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည် ။