ချစ်သူ၊လင်မယားကြားမှာ ပိုက်ဆံနှင့်ပတ်သက်ပြီး လိမ်ညာတတ်တဲ့အကျင့်က ပျက်စီးခြင်းများ ကြုံတွေ့နိုင်

Relationship တိုင်းမှာ အဆင်မပြေတာတွေကတော့ ရှိစမြဲပါပဲ ။ တစ်ယောက်နဲ့တစ်ယောက်လည်း အဆင်မပြေတဲ့ အချက်တွေ တူချင်မှ တူနိုင်ပါမယ် ။ သို့သော်လည်း ကိုယ့်ရဲ့ RS ကို ရေရှည်ခိုင်ခိုင်မာမာ တည်ဆောက်လိုလျှင်တော့ နှစ်ယောက်ကြားမှာ မရှိသင့်တဲ့ အချက်တွေကို သိထားရပါမယ် ။ အဓိကအားဖြင့် ပွင့်လင်းမှုမရှိ လိမ်ညာတတ်ခြင်းက relationship တွေကို အမြဲပျက်စီးစေပါတယ် ။ ဘာမဟုတ်သော ကိစ္စတွေကအစ လိမ်ညာတတ်တဲ့အကျင့်ကနေ တဖြေးဖြေးဆိုးလာပြီး နောက်ဆုံးမှာ ကိုယ့်ရဲ့ အချစ်ရေးက ပြိုကွဲသွားပါလိမ့်မယ် ။

လေ့လာတွေ့ရှိမှုတွေအရလည်း လင်မယားတွေ အဆင်မပြေဖြစ်ကြခြင်းရဲ့ အဓိကအချက်တွေထဲ ငွေရေးကြေးရေး အရှုပ်အရှင်းတွေဟာ အမြဲထိပ်ဆုံးက ပါဝင်နေပါတယ် ။ များသောအားဖြင့် ချစ်သူရည်းစားဘဝမှာ ငွေရေးကြေးရေး ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း မရှိကြတာကို မြင်တွေ့ရပါတယ် ။ တစ်ယောက်အပေါ် တစ်ယောက် မယူခင်ကပင် ဝင်စွက်ဖက်သည် ၊ အထင်သေးသွားမလားဟူသော ထင်မြင်ချက်တွေကြောင့် ဖြစ်ပါတယ် ။ အမှန်တကယ်အားဖြင့် ထိုသူနှင့် အဆုံးတိုင် လက်တွဲသွားမည်ဟု ရည်ရွယ်ထားလျှင် ဒီလိုကိစ္စတွေကအစ ပွင့်ပွင်းလင်းလင်း မှန်မှန်ကန်ကန် ဖွင့်ပြောထားသင့်ပါတယ် ။ ဒါမှသာ အိမ်ထောင်ပြုပြီးတဲ့အချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေမှ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

ချစ်သူ၊လင်မယားကြားမှာ စီးပွားရေး ၊ ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး လိမ်ညာမှုတွေရှိနေလျှင် အဲ့ဒိဆက်ဆံရေးဟာ အဆင်မပြေဘဲ ရေရှည်မှာ ပျက်စီးစေနိုင်တယ်လို့ နားလည်တတ်ကျွမ်းသူ Cary Carbonaro က ဆိုပါတယ် ။ ကိုယ့်ရဲ့ သုံးငွေ ၊ ဝင်ငွေတွေကို နှစ်ယောက်ကြားမှာ အပွင့်လင်းဆုံး ပြောပြနိုင်ရပါမယ် ။ ဥပမာ .အမျိုးသားက အမျိုးသမီးကို ဝင်ငွေဘယ်လောက်ရပြီး ဘယ်လောက်အပ်တယ်ဆိုတဲ့အကြောင်း အမျိုးသမီးဘက်မှလည်း အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး စာရင်းတိတိကျကျဖြင့် ပြောပြတတ်ရပါမယ် ။

လေ့လာမှုတွေအရ ၄၂ရာခိုင်နှုန်းသော ချစ်သူလင်မယားတွေရဲ့ ပြဿနာဟာ ငွေရေးကြေးရေးကြောင့်ပါ ။ အနောက်နိုင်ငံတွေမှာ အကြွေးဝယ်ကတ်ကြောင့် ပြဿနာတက်ကြတဲ့ စုံတွဲတွေ များပါတယ် ။ အသုံးအစွဲတွေကို လိမ်ညာထားခြင်း ၊ ဖုံးကွယ်ထားခြင်းတွေက ပြဿနာသေးသေးမှ စကာ တဖြေးဖြေး ကြီးထွားလာတတ်ပါတယ် ။

ငွေရေးကြေးရေး လိမ်ညာထားခြင်းဟာ ပျော်ရွှင်နေတဲ့ အတွဲတွေကိုတောင် ရန်ဖြစ်စေပါတယ်တဲ့ ။ ဒ့ါကြောင့် ပိုက်ဆံကိစ္စနှင့် ပတ်သက်ပြီး ရန်ဖြစ်စကားများတာမျိုး မဖြစ်အောင် တစ်ယောက်နှင့်တစ်ယောက် အတတ်နိုင်ဆုံး ပွင့်လင်းပါ ၊ ညှိနိုင်းပါ ၊ဆွေးနွေးပါ ။ အစပိုင်းမှာ အခက်တွေ့နိုင်သော်လည်း တဖြေးဖြေးနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ရရှိလာပါလိမ့်မယ် ။

ကဲ…ချစ်သူနဲ့ ရေရှည်အဆင်ပြေနိုင်ဖို့.ဘတ်တာတွေ ၊ စာရင်းပျောက်တာတွေ ၊ လိမ်တာတွေ မလုပ်နဲ့တော့… အိုခေ…

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*