နေအိမ်မီးလောင်ခံရပြီးနောက် ဆိုရှယ်ပေါ်နာမည်ကြီးလာတဲ့ လူငယ်စုံတွဲ

နေအိမ်တိုက်ခန်း မီးလောင်ကျွမ်းခံရပြီးနောက်မှာ တရုတ်နိုင်ငံက စုံတွဲတစ်တွဲဟာ ဆိုရှယ်နက် ဝက်ပေါ်မှာ နာမည်ကြီးလာခဲ့ပါတယ်။ တကယ်တော့ သူတို့ အိမ်ခန်းက မီးလောင်ကျွမ်းခဲ့ရလို့ စိတ် ဓာတ် အကြီးအကျယ်ကျရမယ့်အစား ဒီလိုမျိုး ဆိုရှယ်မှာလူစိတ်ဝင်စားပြီး အပျော်တွေကူးစက်စေခဲ့တဲ့ အပြောင်အပျက် ဓာတ်ပုံတွေကို မျှဝေပေးခဲ့တာပါ။


ဧည့်ခန်းအတွင်းကအပူပေးစက်ကနေ အဝတ်စကို မီးလောင်စွဲသွားခဲ့ပြီးနောက်မှာ အခြားပစ္စည်းတွေ ကို ကူးစက်လောင်ကျွမ်းသွားခဲ့လို့ ဧည့်ခန်းတစ်ခုလုံးကပစ္စည်းတွေနဲ့ အခန်းကို မီးလောင်ပြာကျသွားခဲ့ တာပါ။ ဒီ့အတွက်ကြောင့် သူတို့လူငယ်စုံတွဲဟာ အရေးပေါ်မီးငြှိမ်း သတ်တဲ့ မီးသတ်ဆေးဘူးတွေနဲ့ မီး လောင်ကျွမ်းနေတဲ့ အရာတွေကို လိုက်လံမီးငြှိမ်းသတ်တာတွေကို ကိုယ်တိုင်ပြုလုပ်နိုင်ခဲ့ပါတယ်။ အိမ် နီးချင်းတွေရဲ့ အကူအညီတွေတောင်းပြီး မီးကိုဝိုင်းဝန်း ငြှိမ်းသတ်ပေးခဲ့လို့လည်း မီးလောင်ကျွမ်းမှုကြီး ကြီး ကျယ်ကျယ်မဖြစ်ခဲ့တာပါ။


ဒါပေမယ့် ဆုံးရှုံးမှုအရာတွေက မီးလောင်ကျွမ်းမှုထဲမှာ ပါဝင်သွားခဲ့ရပါတယ်။ ဒီလိုမျိုး ထိတ်လန့်စရာ ကောင်းပြီး စိတ်ဓာတ်ကျ စရာကောင်းတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပေမယ့်လည်း လူငယ်ပီပီ ကျီစယ် နောက်ပြောင်ချင်တဲ့စိတ်နဲ့ သူတို့ရဲ့ အဖြစ်အပျက်ကို ဝမ်းနည်းမယ့်အစားပျော်ရွှင်စရာကောင်းတဲ့ ပုံရိပ် တွေ ရိုက်ယူပြီး ဆိုရှယ်မှာ မျှဝေခဲ့ပါတယ်။ မီးလောင်ကျွမ်းနေတဲ့ အခန်းအတွင်း စုံတွဲက နှစ်ဦးသား တက်ညီလက်ညီ မီးငြှိမ်းသတ်တဲ့ပုံတွေ၊ မီးခိုးစွဲပြီး မီးခိုးအမဲရာတွေ၊ အပျက်အစီးတွေကြား ရိုက်ယူ ထားတဲ့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေက ဆိုရှယ်က လူတွေကို ရယ်မောစေခဲ့တာ ဖြစ်ပါတယ်။


မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*