Latest post

မင်္ဂလာပွဲမှာမင်္ဂလာမောင်နှံကိုဓာတ်ပုံတွေမရိုက်ပဲ အမျိုးသမီးတွေရဲ့ရင်သား၊တင်သားတွေပဲ ဓာတ်ပုံရိုက်ခဲ့လို့ဓာတ်ပုံဆရာတရားစွဲခံရ

မင်္ဂလာဆောင်ပွဲတစ်ခုမှာ ဓာတ်ပုံဆရာဟာ မင်္ဂလာမောင်နှံတို့ကို ဓာတ်ပုံမရိုက်ပဲ မိသားစုဝင်တွေနဲ့ သတို့သမီးအရံ၊ ပွဲတက်လာခဲ့တဲ့ ဧည့်သည်အမျိုးသမီးတွေရဲ့ ရင်သား၊ တင်ပါးနဲ့ အတွင်းသားတွေကိုပဲ ရိုက်ကူးခဲ့လို့ တရားစွဲဆိုခံခဲ့ရပါတယ်။

သတို့သားနဲ့ သတို့သမီးတို့ ဖြစ်ကြတဲ့ စတိဖ်နဲ့ ပေါ်လ်အန်ဝင်း တို့ဟာ ဖေ့ဘွတ်စာမျက်နှာပေါ် မှာ ကြော်ငြာထားတဲ့ မင်္ဂလာဓာတ်ပုံ ရိုက်ကူးခြင်း ဝန်ဆောင်မှုပေး တယ်ဆိုတဲ့ ဓာတ်ပုံဆရာတစ်ဦးကို ပွဲအတွက်ငှားရမ်းပြီး ဓာတ်ပုံတွေ ရိုက်ကူးခိုင်းခဲ့ရမှ စုံတွဲပုံ ၁၁ ပုံသာရခဲ့ပြီးတော့ ကျန်တဲ့ဓာတ်ပုံ ၉၆ ပုံတို့မှာ အမျိုးသမီးတွေရဲ့ အတွင်းသားတွေကို ကွက်ကွက် ကွင်းကွင်း ရိုက်ကူးထားတာကို တွေ့ရခဲ့ပါတယ်။

ဒီ့အတွက်ကြောင့် အဆိုပါ ဓာတ်ပုံဆရာ ဒေးဗစ်ကီလ်ကော့ဆိုသူကို တရားစွဲဆိုလိုက်ပါတယ်။ ဓာတ်ပုံ ဆရာကလည်း ဒီလုပ်ရပ်ကြောင့် ဓာတ်ပုံရိုက်ကူးခစရိတ်ကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် သူရိုက်ကူးခဲ့တဲ့ အခြားသောဓာတ်ပုံတွေမှာဆိုရင် တကယ့်ကို လူကြီးလူကောင်းဆန်တဲ့ ဧည့်သည်အမျိုးသမီးတွေနဲ့ မိသားစုဆွေမျိုးတွေ မိန်းကလေးတွေရဲ့ အရှက်သိက္ခာကျစေမယ့် ဓာတ်ပုံ မျိုးတွေ ပါဝင်ခဲ့လို့ စိတ်အကြီးအကျယ်ပျက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပျော်ရွှင်စရာမင်္ဂလာဆောင်ပွဲအခမ်းအနားနဲ့ အမှတ်တရအဖြစ် ကျန်ရစ်ခဲ့မယ့် အချိန်အတွက် လှပတဲ့ ဓာတ်ပုံတွေကို လိုချင်ပေမယ့် ဓာတ်ပုံဆရာရဲ့ ဒီလိုမျိုး ပေါက်တတ်ကရလုပ်ရပ်နဲ့ ဖျက်ဆီးပစ်ခဲ့လို့ သူတို့ မင်္ဂလာမောင်နှံနှစ်ဦးသားရဲ့ မင်္ဂလာပွဲဟာ အမှတ်တရတွေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ထောင်ကျော်တဲ့ ဓာတ်ပုံပေါင်းများစွာမှာ ဓာတ်ပုံပေါင်း ရာကျော်က လိုချင်တဲ့ ဓာတ်ပုံတွေဖြစ်မလာ တာထက်ကို ပိုပြီးဆိုးရွားတဲ့ အရှက်ရစေမယ့် ပုံတွေဖြစ်တာကြောင့်လည်း စိတ်ပျက်မိတယ်လို့ပြော ပါတယ်။

ဓာတ်ပုံဆရာရိုက်ကူးထားတဲ့ အဆိုပါ ဓာတ်ပုံတွေထဲမှာဆိုရင် ပွဲမှာ တကယ့်အရေးကြီးတဲ့သူတွေရဲ့ ပုံရိပ်တွေ ရိုက်ကူးထားခြင်းမ ရှိခဲ့တဲ့အပြင် သတို့သမီးအရံရဲ့ ရင်သားပေါ်ပုံတွေ၊ တင်ပါးတွေ၊ နောက် ပြီး ဧည့်စည်တွေရဲ့ လည်ဟိုက်၊ ရင်သားတစ်ဝိုက်ဓာတ်ပုံတွေနဲ့ တကယ့်ကို ခန္ဓာကိုယ်အတွင်းသား ပေါ်ပေါ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အသေအချာချိန်ပြီး ရိုက်ကူးထားတာကို တွေ့ရပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*