သွားတွေ မညီမညာဖြစ်ရတဲ့ အကြောင်းအရင်း

တချို့လူတွေရဲ့သွားတွေက ဘာလို့ မညီမညာရွဲ့စောင်းနေရသလဲဆိုတဲ့အကြောင်းအရင်းကို သင်သိချင်မယ် ထင်ပါတယ်။ သွားတွေဟာ စီစီရီရီဖြစ်မနေဘဲ အရှည်အတို မညီတာ၊ ကျဲနေတာ ၊ တပြေးတည်းမပေါက်တာမျိုးတွေကြောင့် အလှပျက်ရပါတယ်။ ဒီလိုဖြစ်ရတာဟာ ငယ်စဉ်ဘဝမှာ လွဲမှားစွာ ပြုမူမိခဲ့တဲ့ အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်သလို တခြားအကြောင်းအချို့လည်း ရှိပါတယ်။

၁။မျိုးရိုးဗီဇ

ဟုတ်ပါတယ်။ မျိုးရိုးဗီဇအရ မိဘမောင်ဘွားတွေမှာ ဒီလို သွားမညီတဲ့ လက္ခဏာရပ်တွေ ရှိနေမယ်ဆိုလျှင်လည်း သားသမီးအပေါ် သက်ရောက်မှု ရှိစေပါတယ်။

၂။လက်မစုပ်ခြင်း

မျိုးရိုးဗီဇကြောင့် သွားမညီညာမှုတွေကို အဓိကဖြစ်စေတယ်ဆိုပေမယ့် နို့ဗူးတွေကို မကြာခဏစုပ်ယူရခြင်း ၊ ရာဘာနို့သီးခေါင်းများကို ၃နှစ်အထက်အထိစုပ်ခြင်း နှင့် ကလေးငယ်တွေ ပြုလုပ်နေကျအကျင့်ဖြစ်တဲ့ လက်မစုပ်ခြင်းတို့ကြောင့်လည်း သွားမညီညာမှုတွေကို ဖြစ်စေပါတယ်။

၃။အစားအသောက်မညီမျှမှု

မျှတပြီး အာဟာရမဖြစ်တဲ့ အစားအသောက်တွေကို မစားသုံးခြင်းဟာ ကိစ္စတော်တော်များများရဲ့ အဓိကအချက်ဖြစ်နေသလို ယခုလို သွားတွေ မညီမညာမလှမပ ဖြစ်ရခြင်းအတွက်လည်း အကြောင်းပြချက်တစ်ခု ဖြစ်လို့နေပါတယ်။ သွားနှင့်သွားဖုံးရိုးတွေ သန်မာဖို့အတွက် ဗီတာမင် A , D , K ပါတဲ့ အစားအသောက်တွေကို များများ စားပေးရပါမယ်။

၎။မွေးရာပါပုံမှန်မဟုတ်ခြင်း

မွေးကတည်းက ဦးခေါင်းသေးခြင်း (သို့) ပုံမှန်မဟုတ်သော အရပ်ပုလွန်းခြင်း ဖြစ်တဲ့ ကလေးငယ်တွေ အများစုဟာ သွားမညီညာမှုတွေ ဖြစ်ပါတယ်။

၅။ပါးစပ်အကျိတ်

ပါးစပ်တွင်း အကျိတ်ဖြစ်တဲ့အခါ သွားတွေဟာ မညီညာတော့ဘဲ ရွဲ့စောင်းသွားတတ်ပါတယ်။ ဒါဟာ အရွယ်ရောက်ပြီးသည့်တိုင်အောင် ဖြစ်နိုင်ပါတယ်။

၆။မတော်တဆမှု

မတော်တဆမှုဖြစ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရလာတဲ့ အခါမျိုးမှာလည်း မေးရိုး ၊သွားဖုံးရိုးတွေဟာ ချွတ်ချော်ပြီး သွားမညီမညာရွဲ့စောင်းမှုတွေ ဖြစ်တတ်ပါတယ်။

CHAN (ရွှေအင်းလေး)

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*