မျက်နှာအသားအရေကို အပြစ်အနာအဆာမရှိ ကြည်လင်ဖြူစင်စေမယ့် အကောင်းဆုံး ပေါင်းတင်နည်း

မျက်နှာလေး ကြည်လင်ပြီး ဝက်ခြံ ၊ အမဲစက်ကင်းဖို့ ဈေးကြီးတဲ့ ပစ္စည်းတွေ သုံးစရာမလိုပါဘူး ။ ဒီလို အိမ်တွင်းပစ္စည်းတွေသုံးပြီး နေ့တိုင်းပေါင်းတင်ပေးမယ်ဆိုရင်လည်း မျက်နှာမှာရှိတဲ့ အပြစ်အနာအဆာတွေ အကုန်လုံးကို ကင်းပျောက်နိုင်ပါတယ် ။

လိုအပ်သောပစ္စည်းများ

Baking Soda  – အနည်းငယ်

ပန်းသီးရှာလကာရည် – လက်ဖက်ရည် ၁ဇွန်း

ပျားရည် – အနည်းငယ်

သံပုယိုသီး – တစ်ခြမ်း

ပြုလုပ်နည်း

ပထဦးစွာ သံပုယိုသီးကို အရည်ညှစ်ပြီး ပျားရည်အနည်းငယ်နှင့် ရောလိုက်ပါ ။ ထို့နောက် ပန်းသီးရှာလကာရည် ၁ဇွန်းထည့်ပါ ။ ပြီးနောက် ရေကို ဖန်ခွက် တစ်ဝက်ခန့်ထည့်ရောမွှေပါ ။ထို့နောက်  Baking Soda အနည်းငယ်ကို ညှင်သာစွာထည့်ပြီး နှံ့စပ်အောင် မပျစ်မကြဲ အနေအထားလေးရအောင် မွှေပေးပါ ။

ဘယ်လိုလိမ်းမလဲ

ပထမဦးစွာ ချွေးပေါက်လေးတွေပွင့်သွားအောင် မျက်နှာကို ရေနွေးနွေးဖြင့် သန့်စင်ဆေးကြောပါ ။ ထို့နောက် မျက်နှာသုတ်ပုဝါဖြင့် ညှင်သာစွာ ပုတ်ပြီး ခြောက်သွေ့အောင်လုပ်ပါ ။ (မျက်နှာကို မပွတ်ပစ်ပါနှင့် )  ပြီးနောက် ရောစပ်ထားသော အရောအနှောကို ဘရပ်ရှ်လေးဖြင့် မျက်နှာပေါ်သို့ သုတ်လိမ်းပေးပါ ။ ၅မိနစ် ၊ ၁၀မိနစ်ခန့် ကြာလျှင် ဆေးကြောလို့ရပါပြီ ။ ဆေးကြောတဲ့အခါမှာတော့ ချွေးပေါက်တွေကျဉ်းသွားအောင် ရေအေးဖြင့် ဆေးကြောပေးပါ ။

ပထမဆုံးအကြိမ်မှာပင် သိသာထင်ရှားတဲ့ ရလဒ်ကို မြင်ရမှာဖြစ်ပြီး နေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင်တော့ မျက်နှာလေးက ဝင်းမွတ်ပြီး အစက်အပြောက် ၊ ဝက်ခြံကင်းကာ လှပနေမှာပါ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*