Latest post

တရားဝင် လက်တွဲလိုက်ကြပြီဖြစ်တဲ့ Song Ji Eun နဲ့ Sung Hoon

နာမည်ကျော် တောင်ကိုရီးယားမင်းသားချောလေး Sung Hoon နဲ့ မင်းသမီး Song Ji Eun တို့နှစ်ဦးဟာ တရားဝင်လက်တွဲပြီဖြစ်တဲ့အကြောင်း သတင်းတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ My Secret Romance ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ဇာတ်ဆောင် မင်းသား၊မင်းသမီး နေရာမှ စတင်သရုပ်ဆောင်ရာမှ တွေ့ဆုံခဲ့ကြတာပါ။ ဇာတ်လမ်းတွဲ ပြီးဆုံးသွားတဲ့အချိန်မှာတော့ တရားဝင်ချစ်သူအဖြစ် လက်တွဲလိုက်ပြီဆိုတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Ji Eun ဟာ မင်းသား Sung Hoon ရဲ့ Fan Meeting များထိ တက်ရောက်ခဲ့ဖူးပြီး သူမဟာ ဇာတ်လမ်းတွဲထဲမှ သူငယ်ချင်းဖြစ်ကြောင်းလည်း ပရိတ်သတ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ သူတို့နှစ်ဦး၏ အနေအထားကို ဇာတ်လမ်းတွဲရိုက်ရင်း အချို့ဝန်ထမ်းများမှာလည်း ရိပ်မိခဲ့ကြတယ်လို့ ဆိုပါတယ်။

မင်းသား Sung Hoon နှင့် မင်းသမီး Song Ji Eun တို့ရဲ့ အေဂျင်စီများကတော့ သူတို့နှစ်ဦး၏ တွေ့ဆုံမှု အခြေအနေများကို နောက်ပိုင်းတွင် ထုတ်ဖော်ပြောကြားသွားမယ်လို့ သိရပါတယ်။

CHAN (ရွှေအင်းလေး)

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*