အမျိုးသားများ သုတ်လွှတ်နှေးရခြင်း အကြောင်းအရင်း

လိင်ဆက်ဆံရာမှာ အမျိုးသားများအနေဖြင့် ပြဿနာတက်လေ့ရှိတဲ့ ကိစ္စထဲမှာ သုတ်လွှတ်နှေးခြင်းကလည်း တစ်ခု အပါအဝင်ပါပဲ ။ ဒီလို သုတ်လွှတ်နှေးခြင်းကြောင့် အိမ်ထောင်မှုသုခ မပြည့်ဝတာတွေ ဖြစ်တတ်ပါတယ် ။ ဒီလို သုတ်လွှတ်နှေးခြင်းဟာ ရံဖန်ရံခါထက် အကြိမ်တော်တော်များများမှာ ဖြစ်နေပြီဆိုလျှင်တော့ ရေရှည် မကောင်းနိုင်ပါဘူး ။ ဒါ့ကြောင့် သုတ်လွှတ်နှေးရတဲ့ အကြောင်းအရင်းတွေကို သိရှိထားဖို့ လိုပါတယ် ။

၁။ဟော်မုန်းလွန်ကဲခြင်း

အမျိုးသားများမှာ prolactin ဟော်မုန်း လွန်ကဲနေတဲ့ အခါမျိုးမှာလည်း သုတ်လွှတ်နှေးကွေးစေနိုင်ပါတယ် ။ အများအားဖြင့် ဒီဟော်မုန်းဟာ အမျိုးသမီးများ နို့ရည်တည်ဆောက်မှုအတွက် အထောက်အကူပေးတဲ့ ဟော်မုန်းပဲ ဖြစ်ပါတယ် ။ အမျိုးသားများတွင် လွန်ကဲတဲ့အခါတွင်တော့ ပြောင်းပြန် အကျိုးသက်ရောက်မှုဖြစ်စေပြီး  သုတ်လွှတ်အားကို နှေးကွေးသွားစေပါတယ် ။

၂။အာသာဖြေခြင်း

တစ်ကိုယ်ရေအာသာဖြေခြင်းကို ရပ်ပစ်လိုက်ဖို့ မပြောပါဘူး ။ သို့သော်လည်း လိင်စိတ်ပြေပျောက်ရန် တစ်ကိုယ်ရေအာသာခြေခြင်းကို မကြာခဏလုပ်ဆောင်တတ်သူဆိုရင်တော့ သုတ်လွှတ်နှေးတတ်ပါတယ် ။ အချို့သော အမျိုးသားတွေဟာ မိန်းမနှင့်အတူနေရခြင်းထက် တစ်ကိုယ်ရေအာသာဖြေရတာကို ပိုပြီး စိတ်ကျေနပ်မှုရှိကြပါတယ် ။ တချို့သော လေ့လာမှုတွေရဲ့ တွေ့ရှိချက်အရ ဒီလိုမကြာခဏ အာသာဖြေခြင်းက လိင်တံအတွင်း နာကြင်မှုတွေကို လျော့နည်းသက်သာစေတယ်လို့ ဆိုပါတယ် ။ သုတ်လွှတ်နှေးတဲ့ လူနာတွေမှာ ဒီအခြင်းအရာကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ် ။ သို့ပေမယ့်လည်း အမျိုးသားတွေကတော့ တစ်ကိုယ်ရည်အာသာဖြေတာကို နှစ်သက်စွာ လုပ်ဆောင်နေကြမြဲပဲ ဖြစ်ပါတယ် ။

၃။ အသက်အရွယ်

အသက်အရွယ်ကြောင့်လည်း သုတ်လွှတ်နှေးခြင်း ဖြစ်ပါတယ် ။ အသက်အရွယ်ကြီးလာတာနဲ့ အမျှ ဆန္ဒပြီးမြောက်ဖို့ ပိုပြီး ခက်ခဲလာပါတယ် ။ လိင်စိတ်ပြင်းပြတဲ့ အမျိုးသားတွေအတွက်တော့ ဒါက ဆိုးရွားတဲ့ ကိစ္စပါပဲ။

၎။စိတ်ပိုင်းဆိုင်ရာပြဿနာများ

စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာရှိနေလျှင်လည်း သုတ်လွှတ်နှေးစေပါတယ် ။ စိတ်ဓါတ်ကျခြင်း ၊ ကြောက်ရွံခြင်း ၊ စိတ်ရှုပ်ထွေးခြင်း ၊ စိတ်ဖိစီးမှုများခြင်း ၊ လူမှုရေးပြဿနာများ ရှိနေတဲ့ အမျိုးသားတွေမှာ သုတ်လွှတ်နှေးတဲ့ လက္ခဏာကိုပါ တွေ့ရပါတယ် ။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ ကျန်းမာရေး ၊ လူမှုရေး ကိစ္စများတွင် များစွာသော ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ် ။ ဒါ့အပြင် လိင်ဆက်ဆံစဉ်အတွင်း စိတ်ရှုပ်ထွေးမှုရခဲ့လျှင်လည်း သုတ်လွှတ်နှေးစေပါတယ် ။

၅။ ဆေးဝါးများသုံးစွဲနေရခြင်း

ဆေးကုသမှုခံယူနေခြင်း ၊ ဆေးဝါးများသောက်သုံးနေရခြင်းဟာ များသောအားဖြင့် သုတ်လွှတ်အားကို နှေးကွေးစေနိုင်ပါတယ် ။  လေ့လာမှုတွေအရ ဆေးဝါးကုသမှုခံယူနေရတဲ့ အမျိုးသား ၂၀၀၀ခန့်ဟာ စိတ်မတည်ငြိမ်မှုတွေဖြစ်ပြီး သူတို့ရဲ့ လိင်မှုဘဝမှာလည်း မပျော်မွေ့ကြတာကို တွေ့ရှိခဲ့ပါတယ်။ ဒီလို ဖြစ်ခြင်းဟာ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့လည်း အဆင်မပြေတဲ့ ဆက်ဆံရေးတွေကို ဖြစ်လာစေပါတယ် ။

CHAN (ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*