ခရက်ရှ်(Crush)နဲ့ ရင်းနှီးမှုရအောင် ချဉ်းကပ်နည်း

ကိုယ်ကြိတ်ချစ်ရတဲ့သူ၊ သဘောကျမိတဲ့သူကို ကိုယ့်ရဲ့ ခရက်ရှ်လေးအဖြစ သတ်မှတ်ထားတတ်ကြပါတယ်။  ခုလို တိုးတက်နေတဲ့အိုင်တီခေတ်ကြီးထဲမှာ ဖေ့စ်ဘုတ် messenger စာလေးတစ်ကြောင်းပို့ရုံနဲ့ ရင်းနှီးမှုရယူနိုင်တယ်ဆိုပေမယ့် ကိုယ်ပြောနေတဲ့စကားတွေ သူနဲ့chatနေတဲ့အခါမှာ ပြောနေတာတွေက နည်းလမ်းအမှန်လား၊ အမှားလားဆိုတာကို ကိုယ်တိုင်သတိမပြုမိတာလေးတွေ ရှိနေတာမို့လို့ ခရက်ရှ်လေးက သူ့ကိုခရက်ရှ်လို့  ခရက်ရှ်နေမှန်းမသိတဲ့ အခြေအနေတွေ ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ခရက်ရှ်နဲ့ရင်းနှီးမှုရဖို့အတွက် ကြိုးပမ်းတဲ့အခါမှာ အွန်လိုင်းမှာစကားပြောတဲ့အခါ chatting ထိုင်တဲ့အခါ အခက်တွေ့နေရတဲ့ သူတွေအနေနဲ့ လျင်လျင်မြန်မြန်ရင်းနှီးမှုရဖို့အတွက် ပါးပါးနပ်နပ်နဲ့ ဘယ်လိုချဉ်းကပ်ရမလဲဆိုတာကို အကြံပေးချင်ပါတယ်။

(၁) စာတစ်ကြောင်းပဲ ပို့ပြီးစောင့်ကြည့်ပါ

ကိုယ့်ရဲ့ခရက်ရှ်လေးက ကိုယ့်ကိုသတိထားမိစေဖို့အတွက် စကားသွားပြောတဲ့အခါမှာ စာတွေဆက်တိုက်အများကြီးမပို့ပါနဲ့။ စာတစ်ကြောင်းလောက်ပဲ ပို့ပြီး သူပြန်ပို့လာတဲ့ထိကို စောင့်ကြည့်ပါ။ ချက်ချင်းreplyမပြန်တာမျိုးတော့ ကြုံရမှာပါပဲ။ ဒါပေမယ့် နောက်ထပ်စာတွေ မပို့ပါနဲ့အုံး။ တကယ်လို့သူက ရက်ကြာတဲ့ထိကို စာမပြန်ရင်တော့ နောက်ထပ်နည်းလမ်းကို ဆက်လေ့လာလိုက်ပါအုံး။

(၂) ကာတွန်းဟာသတွေပို့ပါ

နောက်တစ်ဆင့်အနေနဲ့ သင့်ကိုသတိထားမိတဲ့ ခရက်ရှ်လေးနဲ့ ပိုမိုရင်းနှီးမှုရယူဖို့အတွက် ရယ်စရာကာတွန်းအပိုင်းအစလေးပဲဖြစ်ဖြစ်၊ troll ထားတဲ့ memeလေးတွေ၊ ဟာသလေးတွေကို ပို့ကြည့်ပါ။ တခါတည်း အများကြီး ပို့တာထက် တပုံချင်းခွဲပြီး အချိန်စောင့်ပို့တာမျိုးလုပ်ပါ။

(၃) အချိန်ပြည့်စာမပို့ပါနဲ့

သင့်ရဲ့စွဲလန်းစိတ်ကို ချုပ်တည်းထားလိုက်ပါအုံး။ ခရက်ရှ်လေးနဲ့တစ်နေကုန် စကားပြောချင်တယ်ဆိုပေမယ့် တစ်ချိန်လုံးအချိန်ပြည့်စာပို့နေမယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး။ တစ်ဖက်လူကလည်း စိတ်အနှောက်အယှက် ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့်မို့လို့  တစ်ချိန်လုံး စာပို့နေတာမျိုး မဖြစ်မိပါစေနဲ့။

(၄) သူစိတ်ဝင်စားတဲ့အရာလေးတွေကိုသတင်းပို့ပါ

သင့်ရဲ့ခရက်ရှ်က ဘာကိုစိတ်ဝင်စားတတ်လဲဆိုတာကို လေ့လာထားပါ။ ဥပမာအားဖြင့် ဂီတကြိုက်တဲ့သူလား၊ ထူးခြားဆန်းပြားသတင်းတွေကြိုက်တဲ့သူလား၊ ဖက်ရှင်အလှအပကြိုက်သူလားဆိုတာကို လေ့လာထားဖို့တော့ လိုပါမယ်။ သူစိတ်ဝင်စားတဲ့အရာတွေနဲ့ ပတ်သတ်တဲ့ အဖြစ်အပျက်လေးတွေ၊ သတင်းတွေကို ပို့ပေးကြည့်ပါ။ ဒါက စကားစဖို့ အခွင့်အရေးလည်းဖြစ်သွားနိုင်သလို၊ သူနဲ့စကားပြောရတာ နယ်ပယ်ပိုကျယ်ပြန့်သွားသလိုဖြစ်တာမို့လို့ မြန်မြန်ရင်းနှီးမှုရတာပေါ့နော်။

(၅) ဘာလို့စာပြန်မပို့လဲလို့ သွားမမေးမိပါစေနဲ့

တစ်ဖက်လူကို စိတ်ရှုပ်စေမယ့်ကိစ္စရပ်မျိုး မပြုလုပ်ပါနဲ့။ အထူးသဖြင့် ဘာကြောင့်လဲမပို့တာလဲလို့ သွားမေးမိတာမျိုး မလုပ်မိပါစေနဲ့။ သူဘက်ကလဲ တကယ်စိတ်ဝင်စားတယ်၊ သင့်ကိုအရေးတယူလုပ်တယ်ဆိုရင် သူအားတဲ့အချိန် စာပြန်ပို့ပါလိမ့်မယ်။ ကိုယ်က သွားပြီး သတိပေးတာမျိုး remind မလုပ်မိပါစေနဲ့။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*