အမေရိကန်သမိုင်းတစ်လျှောက် အနိမ့်ဆုံးအားပေးထောက်ခံမှုရရှိခဲ့တဲ့ သမ္မတဒေါ်နယ်ထရန့်

FILE - In this June 30, 2017 file photo, President Donald Trump speaks in the Oval Office of the White House in Washington. Trump pressed Congress on Monday, July 10, 2017, to get health care done before leaving for its long August recess, even as Republican senators say the GOP effort so far to repeal and replace the nation's health law is probably dead. (AP Photo/Evan Vucci, File)

အမေရိကန်ပြည်ထောင်စုရဲ့ ခေါင်းဆောင်သစ်တစ်ဦးအဖြစ် မစ္စတာ ဒေါ်နယ်ထရန့် အုပ်ချုပ်လာတာ အခုဆိုရင် သမ္မတ သက်တမ်း ခြောက်လရှိပါပြီ။ ပြည်သူအားပေးထောက်ခံမှုပိုများတဲ့ အတိုက်အခံ ပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီအနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားကြပေ မယ့် ထရန့်ရဲ့ ရီပါ့ပလစ်ပါတီက အနိုင်ရရှိသွားခဲ့ကြလို့ တစ်ကမ္ဘာလုံးက စောင့်ကြည့်သူတွေ အံ့အားသင့်ခဲ့ရတဲ့ မဲရလာဒ်အခြေအနေ တွေပဲ ဖြစ်ခဲ့ရပါတယ်။

ထရန့်တက်လာပြီးနောက်မှာတော့ နိုင်ငံရေးအပြောင်းအလဲတွေများစွာနဲ့ ပြည်သူလူထုအ တွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးအစရှိတဲ့ ကဏ္ဍပေါင်းစုံကနေ အပြောင်း အလဲ များစွာ လုပ်ဆောင်ပေးခဲ့ပြီးတော့ နိုင်ငံ့ရေးရာမှာလည်း ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေကြားရင်းနှီး ချစ်ကြည်တဲ့ သံတမန်ရေးရာဆက်သွယ်မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

သို့ပေမယ့်လည်း မကြာသေးမီက စစ်တမ်းကောက်တိုင်းတာတဲ့ ရလာဒ်တစ်ခုအသစ်အရ သမ္မတထရန့်အပေါ် အမေရိ ကန်နိုင်ငံ သားတွေရဲ့ အားပေးထောက်ခံမှုရလာဒ်ကတော့ နိုင်ငံရဲ့ သမိုင်းကြောင်း နှစ် ၇၀ အတွင်းမှာ အနိမ့်ဆုံးအဆင့်ပဲ ဖြစ်နေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်က အမေရိကန်ကိုအုပ်ချုပ်ခဲ့တဲ့ သမ္မတဖြစ်တဲ့ ဂီရယ်ဖို့တုန်းကဆိုရင် ၃၉ ရာခိုင်နှုန်းအားပေးထောက် ခံမှုရရှိခဲ့ တာဖြစ်ကာ ယခုနှစ် ထရန့်လက်ထက်မှ ၃၆ ရာခိုင်နှုန်းသာ အားပေးထောက်ခံမှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။

အေဘီစီသတင်းအေဂျင်စီနဲ့ ဝါရှင်တန်ပို့စ်တို့ရဲ့ စစ်တမ်းကောက်ချက်မှာလည်း ထရန့်ကိုအားပေး ထောက်ခံမှုက ၅၈ ရာခိုင်နှုန်းသာ အမြင့်ဆုံးဖြစ်နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးလတာအတွင်းမှာ လည်း ထရန့်ရဲ့ အတည်ပြုအဆိုကို အချက်ခြောက်ချက်နဲ့ ပြည်သူ လူထုကပယ်ချခြင်း ခံခဲ့ရပါသေးတယ်။

သဒ္ဒါချို(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*