ငှက်ပျောသီးခွံနဲ့ ချိုင်းကို ပွတ်တိုက်ပေးမယ်ဆိုရင်…

ငှက်ပျောသီးစားပြီးရင် အခွံကို ချက်ချင်းမလွှင့်ပစ်သေးဘဲ အကျိုးရှိရှိအသုံးပြုလို့ ရမယ့် နည်းလမ်းလေးကို ပြောပြချင်ပါတယ်။ ငှက်ပျောသီးခွံ အတွင်းဘက်သားနဲ့ ချိုင်းတစ်ဝိုက်ကို ပွတ်တိုက်  ပေးမယ်ဆိုရင် ချိုင်းပေါ်ကအညစ်အကြေးများကို သန့်စင်ပေးနိုင်ပြီး ချိုင်းချွေးနံ့နံတာကို သက်သာစေပါတယ်။ အကျီင်္လက်မောင်းမှာ စိုရွှဲတဲ့ထိကို ချိုင်းချွေးအလွန်အကျွံ ထွက်တဲ့သူတွေအတွက်လည်း ငှက်ပျောသီးခွံက ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် ချိုင်းတစ်ဝိုက်မှာ ဝက်ခြံထွက်ခြင်း၊ အဆီဖုထွက်ခြင်းနဲ့ အသားပိုဖုများ ပွားများလာခြင်းမှလည်း ဟန့်တားပေးနိုင်ပါတယ်။

ငှက်ပျောသီးခွံနဲ့ ချိုင်းကို တစ်နေ့နှစ်ကြိမ်ပုံမှန် ပွတ်တိုက်ပေးမယ်ဆိုရင် ချိုင်းမည်းခြင်း၊ အရေပြားအရောင်မညီမညာဖြစ်ခြင်းကို သက်သာစေပါတယ်။ ချိုင်းမွှေးမကြာခဏ နှုတ်တဲ့သူတွေလည်း ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် ချိုင်းသားနာကျင်ခြင်းနဲ့ အသားအရောင်နီမြန်းခြင်းကို သက်သာစေပါတယ်။ ကဲ… နောက်ဆို ငှက်ပျောသီးစားပြီးရင် ချက်ချင်းမလွှင့်ပစ်လိုက်နဲ့နော်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*