သားမယားပြုကျင့်ပြီး ကိုယ်ဝန်ရခဲ့တယ်လို့ဆိုကာ အသေရေဖျက်ခဲ့တဲ့ အမျိုးသမီးကို အဆိုတော်Drake တရားဆွဲ

အလိုမတူပဲ သားမယားပြုကျင့်ခဲ့တယ်လို့စွပ်စွဲပြီး ကိုယ်ဝန်လွယ်ထားရတယ်လို့ အတုအယောင်ပြုလုပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို အဆိုတော် Drake က တရားစွဲဆိုလိုက်ပါတယ်။ အဆိုပါ အမျိုးသမီးဟာ သူမအား အဆိုတော် Drake က အတင်းအဓမ္မပြု ကျင့်ခဲ့တယ်လို့ပြောပြီး သူနဲ့ရလာတဲ့ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ အကြောင်းကို ဟန်ဆောင် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တရားခွင် တရားစွဲဆိုမှုမှာဆိုရင် Drake က လေလာလေ့စ်ဆိုတဲ့ အမျိုးသမီးနဲ့ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက အင်္ဂလန်၊ မက်ခ်ျစတာရှိုးပွဲမှာ တွေ့ဆုံခဲ့ကာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာ အဆိုပါအမျိုးသမီးနဲ့ အတူ ဟော်တည် ခန်းအတွင်း နှစ်ဦးသဘောတူ အတူနေထိုင်ခဲ့ကြောင်းကို ပြောခဲ့ပါတယ်။ လေလာ ဟာ သူ့အတွက် အိပ်ယာ ပေါ်က ကိစ္စကို အကောင်းဆုံးလုပ်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Drake ရဲ့ အမှုလိုက်ရှေ့နေ လာရယ်စတိန်းဆိုသူဟာ အဆိုတော် Drake ဟာ သူမရဲ့ နှစ်ဦးသား သဘောတူ ညီပြီး နေဖြစ်ခဲ့တာဖြစ်လို့ ဒါဟာ အဓမ္မမှုမမြောက်ဘူးလို့ ထွက်ဆိုပြောကြားထားပါတယ်။ လပိုင်းအနည်းငယ်အ ထိ နှစ်ဦးသားဟာ ဆက်သွယ်မှုတွေ ရှိခဲ့ကာ အတူနေခဲ့တဲ့ အမျိုးသမီး လေလာဟာ Drake နဲ့ စာတွေအပြန်အ လှန်ပို့ခဲ့ စကားတွေပြောဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

၂၀၁၇ ဧပြီလမှတော့ သူမဟာ Drake နဲ့ရတဲ့ ကိုယ်ဝန်ကိုလွယ်ထားရကြောင်းဆိုတဲ့ စာကို အင်စတာဂရမ်ပေါ် ရေးသားထားပြီးတော့ နောက်ပိုင်းမှာ Drake နဲ့ပတ်သက်မှုတွေအကြောင်းကို အရှက်ကွဲအောင်ဖော်ထုတ်ပစ် မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ဆိုခဲ့တယ်လို့ ရှေ့နေကပြောပါတယ်။

Drake နဲ့ရလာတဲ့ ကိုယ်ဝန်ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးဖို့ကိုလည်း သူမက ငြင်းဆန်ထားခဲ့ပြီး အဆိုတော် ကတော့ ဒါတွေဟာ တမင်လုပ်ကြံမဟုတ် တဲ့ သတင်းတွေနဲ့ ငွေညှစ်ခြိမ်းခြောက်ခြင်းသာဖြစ်ပြီး သူ့ကို အသရေ ဖျက်မှု၊ နာမည်ဖျက်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ် နာမှုတွေအတွက် ပြန်လည်ပေးဆပ်ဖို့ တရားစွဲဆိုလိုက် ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*