ညအိပ်ရာဝင်ခါနီးတိုင်း ဒိန်ချဉ်စားသုံးခြင်းရဲ့ ကောင်းကျိုးများ

ညစာစားပြီးတိုင်းမှာ အဆာပြေအနေနဲ့ မုန့်စားတတ်ကြတဲ့ အကျင့်ရှိလား ။ ဒီလို မုန့်စားတာမျိုးက ခန္ဓာကိုယ်အတွက် မကောင်းပါဘူး ။ ဒါ့အပြင် အဆီတက်ပြီး ကိုယ်အလေးချိန်ကိုလည်း တိုးစေပါတယ် ။ ညဘက် အိပ်ရာဝင်ခါနီးတိုင်းမှာ အစားစားရမှ ဖြစ်မယ်ဆိုလျှင်တော့ ဒိန်ချဉ် စားပေးဖို့ တိုက်တွန်းလိုပါတယ် ။

ညအိပ်ရာဝင်ခါနီးတိုင်း ဒိန်ချဉ် တစ်ခွက် (သို့) တစ်ဘူးလောက် နေ့စဉ် စားသုံးပေးပါ ။ ဒိန်ချဉ်စားခြင်းက သင့်ကို ဗိုက်ပြည့်အင့်သွားစေမှာ မဟုတ်သလို ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်မှုတွေ ပေးပါတယ် ။ အမျိုးသမီးများ မိန်းမကိုယ် အနံ့နံခြင်း ၊ ယားယံခြင်း နှင့် အခြားသော အမျိုးသမီးရောဂါများအတွက်လည်း သဘာဝ ဆေးစွမ်းတလက်ဖြစ်ပါတယ် ။ အမျိုးသမီးတွေ အစားသင့်ဆုံး အစားအစာတွေထဲ ဒိန်ချဉ် ပါဝင်ပါတယ် ။ ဒိန်ချဉ်ကို ညအိပ်ရာ မဝင်ခင်တိုင်းမှာ စားသုံးခြင်းဖြင့်

၁။အိပ်ကောင်းစေတယ်

ဒိန်ချဉ်မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်က သင့်ကို ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အထောက်အကူ ပေးပါတယ် ။ ညဘက်ကောင်းမွန်စွာ အိပ်ပျော်စေဖို့အတွက် ဦးနှောက်ကို အနားပေးစေတဲ့ ဓါတ်တွေကိုလည်း ထုတ်လုပ်ပေးပါတယ် ။ညဘက်မှာ တော်ရုံနှင့် အိပ်မပျော်တတ်သူတိုင်း ဒိန်ချဉ်စားသင့်ပါတယ် ။

၂။အစာကြေစေတယ်

ကောင်းမွန်တဲ့ အစာခြေစနစ်ကို ပိုင်ဆိုင်ပြီး ကျန်းမာတဲ့ ဘဝကို ရရှိစေဖို့ ဒိန်ချဉ်က ကူညီပေးနိုင်ပါတယ် ။ လူတော်တော်များများဟာ အူကျန်းမာရေး ပြဿနာရပ်များနှင့် ရင်ဆိုင်ရလေ့ ရှိပါတယ် ။ အူကျန်းမာရေးဟာ အလွန်ကို အရေးကြီးတဲ့ အရာပါ ။ နို့နှင့် နို့ထွက်ပစ္စည်းအစားအစာတွေဟာ အူကျန်းမာရေးအတွက် ကောင်းမွန်စေတယ်လို့ သိရပါတယ် ။ ညဘက်မှာ ဒိန်ချဉ်စားသုံးခြင်းက လေထခြင်း၊ အစာမကြေ ၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းများ မဖြစ်အောင် စွမ်းဆောင်ပေးပါတယ် ။

၃။ကိုယ်အလေးချိန်ညီမျှစေတယ်

တစ်နေ့တာအတွင်း မိမိစားခဲ့တဲ့ အစားအသောက်တွေက မိမိရဲ့ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုများ ရှိစေပါတယ် ။ သို့သော်လည်း ဒိန်ချဉ်ကတော့ ကယ်လိုရီ အလွန်နည်းတဲ့အတွက် ဝိတ်တက်မှာ စိတ်ပူစရာ မလိုပါဘူး ။ ကိုယ်အလေးချိန် မျှတချင်သူများအနေဖြင့် ညဘက်တွင် ဒိန်ချဉ်တစ်ခွက် သောက်သုံးသင့်ပါတယ် ။

၎။ကြွက်သားတည်ဆောက်ရာမှာကူညီပေးတယ်

ကြွက်သားတွေ ကျစ်လစ်စွာ တည်ဆောက်ဖို့အတွက် ပရိုတိန်းဓါတ်လိုတာကို သိရှိပြီး ဖြစ်မှာပါ ။ ဒိန်ချဉ်ဟာ ပရိုတိန်းဓါတ် ကြွယ်ဝတဲ့အပြင် ညဘက်မအိပ်ခင် ဒိန်ချဉ်စားသုံးထားခြင်းကြောင့် အိပ်နေစဉ် ကြွက်သားပြေလျော့သွားမှုကို လျှော့ချကာ အိပ်နေစဉ်မှာပင် ကျစ်လစ်သန်မာတဲ့ ကြွက်သားပုံစံက မပြတ် ရှိနေမှာပါ ။

၅။ဆီးချိုသမားများလည်းကောင်းမွန်စေ

အချို့လူတွေဟာ ညမအိပ်ခင်တွင် ပုံမှန်အားဖြင့် နွားနို့တစ်ခွက် သောက်သုံးတတ်ကြပါတယ် ။ နွားနို့သောက်ခြင်းကလည်း အိပ်ပျော်မှုကို အထောက်အကူပေးတာကြောင့် ဒီလိုသောက်သုံးခြင်း ဖြစ်ပါတယ် ။ သို့သော် နွားနို့မှာပါဝင်တဲ့ အချိုဓါတ်က ဆီးချိုသမားများနှင့် မသင့်တော်တဲ့အတွက် မသောက်သုံးသင့်ပါဘူး ။ ဒိန်ချဉ်မှာတော့ အချိုမှ အချဉ်ဖက်ကို ဖောက်သွားတဲ့အတွက် အချိုနည်းသွားကာ ဆီးချိုသမားများပါ သောက်သုံးနိုင်ပါတယ် ။

CHAN (ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*