အပြင်ကအသက်နဲ့ အများကြီးငယ်တဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့ကြတဲ့ ကမ္ဘာကျော်သရုပ်ဆောင်များ

ရုပ်ရှင်သရုပ်ဆောင်တွေအနေနဲ့ မိမိရဲ့အသက်အမှန်နဲ့ မတူတဲ့ဇာတ်ကောင်နေရာမှာ တော်တော်များများ သရုပ်ဆောင်ဖူးကြမှာပါ။ ဒါပေမဲ့ တချို့ဇာတ်ကားတွေမှာ မင်းသား၊ မင်းသမီးတွေက အပြင်ကအသက်နဲ့ အများကြီးကွာဟတဲ့ ဇာတ်ကောင်နေရာတွေမှာ သရုပ်ဆောင်နေပေမဲ့ အံဝင်ခွင်ကျလေးဖြစ်နေတာကြောင့် ကြည့်ရှုသူတွေတောင် သတိမထားမိတာမျိုးတွေရှိုပါတယ်။ ဒါကြောင့် တကယ်တမ်း သူတို့ရဲ့အသက်အမှန်နဲ့ ပါဝင်သရုပ်ဆောင်နေတဲ့ ဇာတ်ကောင်အသက်ကို ဖော်ပြတဲ့အခါမှာ အံ့သြကြရပါတယ်။

၁) Game of Thrones (2011) ရုပ်ရှင်ထဲမှာ Daenerys Targaryen အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Emilia Clarke

အဲ့ဒီဇာတ်ကားကို ရိုက်ချိန်မှာ သူမရဲ့အသက်က ၂၄ နှစ်ရှိနေပေမဲ့ အသက် ၁၃ နှစ်အရွယ် ကောင်မလေးငယ်အဖြစ် သရုပ်ဆောင်ထားပါတယ်။

၂) The Amazing Spider-Man (2012) ရုပ်ရှင်ထဲမှာ Peter Parker အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Andrew Garfield

အဲ့ဒီဇာတ်ကားကို ရိုက်ချိန်မှာ သူ့ရဲ့အသက်က ၂၉ နှစ်ရှိနေပေမဲ့ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးငယ်အဖြစ် သရုပ်ဆောင်ထားပါတယ်။

၃) Breakfast at Tiffany’s (1961) ရုပ်ရှင်ထဲမှာ Holly Golightly အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Audrey Hepburn


အဲ့ဒီဇာတ်ကားကို ရိုက်ချိန်မှာ သူမရဲ့အသက်က ၃၂ နှစ်ရှိနေပေမဲ့ အသက် ၁၈ နှစ်အရွယ် ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။

၎) Catch Me If You Can (2002) ရုပ်ရှင်ထဲမှာ Frank Abagnale အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Leonardo DiCaprio


အဲ့ဒီဇာတ်ကားကို ရိုက်ချိန်မှာ သူ့ရဲ့အသက်က ၂၈ နှစ်ရှိနေပေမဲ့ အသက် ၁၈ နှစ်အရွယ် ကောင်လေးအဖြစ် သရုပ်ဆောင်ထားပါတယ်။

၅) The Hunger Games (2012) ရုပ်ရှင်ထဲမှာ Katniss Everdeen အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jennifer Lawrence

အဲ့ဒီဇာတ်ကားကို ရိုက်ချိန်မှာ သူမရဲ့အသက်က ၂၄ နှစ်ရှိနေပေမဲ့ အသက် ၁၆ နှစ်အရွယ် ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။

၆) Women (2014) ရုပ်ရှင်ထဲမှာ Mikhail Rakitin အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ralph Fiennes

အဲ့ဒီဇာတ်ကားကို ရိုက်ချိန်မှာ သူ့ရဲ့အသက်က ၅၁ နှစ်ရှိနေပေမဲ့ အသက် ၃၀ နှစ်အရွယ် ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားပါတယ်။

၇) Game of Thrones (2011) ရုပ်ရှင်ထဲမှာ Eddard Stark အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sean Bean

အဲ့ဒီဇာတ်ကားကို ရိုက်ချိန်မှာ သူ့ရဲ့အသက်က ၅၂ နှစ်ရှိနေပေမဲ့ အသက် ၃၅ နှစ်အရွယ် ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားပါတယ်။

၈) Tron: Legacy (2010) ရုပ်ရှင်ထဲမှာ Clu အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jeff Bridges

အဲ့ဒီဇာတ်ကားကို ရိုက်ချိန်မှာ သူ့ရဲ့အသက်က ၆၁ နှစ်ရှိနေပေမဲ့ အသက်ထက်ဝက်ငယ်တဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားပါတယ်။

၉) Potter and the Sorcerer’s Stone (2001) ရုပ်ရှင်မှာ Severus Snape အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Alan Rickman

အဲ့ဒီဇာတ်ကားကို ရိုက်ချိန်မှာ သူ့ရဲ့အသက်က ၅၅ နှစ်ရှိနေပေမဲ့ အသက် ၃၁ နှစ်အရွယ် ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*