Latest post

ဆိုရှယ်မီဒီယာမှာနာမည်ကြီးနေတဲ့ အမေရိကန်စုံတွဲတစ်တွဲရဲ့ ဟာသဆန်ပြီး တမူထူးခြားတဲ့ Prewedding Photo များ

Prewedding Photo ရိုက်တော့မယ်ဆိုတာနဲ့ သာယာလှပတဲ့ နေရာမှာ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာဝတ်စုံအပြည့်နဲ့ ရိုက်ကူးမယ်လို့ပဲ လူအများစုက စိတ်ကူးမိကြပါတယ်။ ဒါပေမယ့် အခု ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတဲ့ အမေရိကန်က စုံတွဲတစ်တွဲကတော့ သူတို့ရဲ့ Prewedding Photo ကိုအများနဲ့ မတူဘဲ တမူထူးခြားတဲ့ ပုံစံနဲ့ ရိုက်ကူးထားတာကို တွေ့ရမှာပါ။ New York, Queens မှာ နေထိုင်တဲ့ Jackie Nguyen နဲ့ Nate Huntley ဆိုတဲ့ ချစ်စရာကောင်းတဲ့ စုံတွဲက သူတို့ရဲ့ Prewedding Photo ကို ကြီးကျယ်ခမ်းနားတဲ့ ပုံစံမျိုးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဆန်ဆန် ရိုက်ကူးထားတယ်လို့ သိရပါတယ်။ သူတို့အတွက် ဒီလိုလွတ်လပ်ပေါ့ပါးတဲ့ ရိုက်ကူးမှုက ဘဝအတွက် အမှတ်ရစရာတစ်ခုအဖြစ် စွဲကျန်နေမှာဖြစ်ပြီး သူတို့ရဲ့ သူငယ်ချင်းဖြစ်သူ Photographer Isaac James က ရိုက်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကဲ…သူတို့ရဲ့ ချစ်စရာကောင်းပြီး တမူထူးခြားတဲ့ ပုံစံများနဲ့ Prewedding Photo တွေကို ကြည့်လိုက်ရအောင်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*