Latest post

ခန္ဓာကိုယ်အချိုးအစားသေးတဲ့အမျိုးသားများ Gym ဆော့စရာမလိုဘဲ ကြည့်ကောင်းနေစေမယ့်နည်းလမ်း

ခန္ဓာကိုယ်အချိုးအစားသေးလို့ အများနည်းတူ လေ့ကျင့်ခန်းတွေလုပ်၊ gym ဆော့ပြီး ဘယ်လိုပဲကြိုးစားကြိုးစား အရာမထင်ဘူးဆိုပြီး စိတ်ဓာတ်မကျလိုက်ပါနဲ့။ ခန
ခန္ဓာကိုယ်အချိုးအစားကြီးကြီးသေးသေး ကြည့်ကောင်းနေစေဖို့ ဖက်ရှင်အဝတ်အစားတွေက သင့်ကိုပြောင်းလဲပေးနိုင်မှာပါ။ ဒါ့ကြောင့်မို့လို့ ခန္ဓာကိုယ်ပိန်တဲ့သူတွေအနေနဲ့ အခုဖော်ပြပေးမယ့် ဖက်ရှင်အချက်အလက်လေးတွေအတိုင်း ဆင်ယင်လိုက်မယ်ဆိုရင် လုံးဝကြည့်ကောင်းသွားစေမှာပါနော်။

(၁) ရွပ္အက်ီၤအျဖဴေရာင္ကိုဝတ္ဆင္ပါ

အပေါ်ပိုင်းအက်ျီင်္ကို အဖြူရောင်ဝတ်ဆင်မယ်ဆိုရင် သေးလွန်းတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ဖုံးအုပ်လိုက်သလိုဖြစ်စေပါတယ်။ ရှောင်ကြဉ်ရမှာကတော့ အနက်ရောင်အကျီင်္တွေကိုပါ။ အနက်ရောင်က သင့်ရဲ့ခန္ဓာကိုယ်အချိုးအစားကို ပိုမိုသေးသွားသလို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အဖြူရောင်ရှပ်အကျီင်္တွေက ခန္ဓာကိုယ်ဖွံ့ထွားသယောင်ထင်စေတာကြောင့် အပေါ်ပိုင်းဝတ်စုံကို အဖြူရောင် ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

(၂) Accessories များကိုဆင်မြန်းပါ

လက်၊ လည်ပင်းတစ်ဝိုက်မှာ ပြောင်ပြောင်ရှင်းရှင်းကြီးဖြစ်နေတဲံအခါ သင့်ရဲ့သေးငယ်တဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းကို အမြင်တွေရောက်သွားတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့အတွက် ဖန်စီလက်ကောက်၊ နာရီ၊ ဆွဲကြိုးတွေကို ဆင်မြန်းလိုက်မယ်ဆိုရင် အာရုံလွဲလိုက်သလို ဖြစ်စေတာကြောင့် ခန္ဓာကိုယ်အချိုးအစားသေးတဲ့သူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းလေးပါပဲ။

(၃) အထပ်ထပ်ဝတ်ဆင်ပါ

အထပ်ထပ်၊ အလွှာလိုက်ဖြစ်စေမယ့် ဝတ်စားဆင်ယင်မှုမျိုးက ခန္ဓာကိုယ်အချိုးအစားသေးသူတွေအတွက် အဆင်ပြေစေမှာပါ။ အတွင်းဘက်က ကော်လံပါတဲ့ရှပ်အကျီင်္ကိုမှ အပြင်ဘက်ကလည်း ကော်လံအင်္ကျီကို ထပ်ဝတ်မယ်ဆိုရင် လည်ပင်းနဲ့ ပခုံးပေါ်က အရိုးတွေကို ဖုံးအုပ်ပေးနိုင်မှာပါ။

(၄) လည်ပိတ်အင်္ကျီ

လည်ပင်းတစ်ခုလုံးကိုဖုံးအုပ်နေတဲ့ အင်္ကျင်္ီဒီဇိုင်းမျိုးကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ စွယ်တာလည်ပိတ်အကျီင်္မျိုးမဟုတ်ရင်တောင် လည်ပင်းထိကိုပိတ်တဲ့ ဇစ်ဆွဲအကျီင်္တွေကလည်း လည်ပင်းတစ်ဝိုက် အရိုးများကို ဖုံးအုပ်ပေးမှာပါ။

(၅) နက်ခ်တိုင်စည်းပါ

အပေါ်ပိုင်းခန္ဓာကိုယ်အချိုးအစားသေးတဲ့သူတွေအတွက် နောက်ထပ်အကြံပြုချင်တာကတော့ နက်ခ်တိုင်စည်းပါ။ နက်ခ်တိုင်ကို ရွေးချယ်တဲ့အခါမှာလည်း ထူးခြားတဲ့ pattern မျိုးကို ရွေးချယ်ဖို့ လိုပါတယ်။

(၆) ခါးပတ်ဝတ်ပါ

ဖန်စီပစ္စည်းတွေကို မကြိုက်တဲ့သူတွေအတွက် ခါးပတ်ပတ်ဖို့ကို အကြံပြုပါရစေ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘာမှထူးထူးခြားခြားဆင်မြန်းထားတာမျိုး မရှိဘူးဆိုရင် ရိုးရိုးရှင်းရှင်းနဲ့ သင့်ရဲ့ခန္ဓာကိုယ်အချိုးအစားကို ပိုမိုပေါ်လွင်သွားစေတာကြောင့်ပါ။ ဒီလိုမဖြစ်စေဖို့အတွက် ခါးပတ်ဝတ်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ကတစ်ဖြောင့်တန်းထဲ ဖြစ်မနေတော့ဘဲ ကြည့်ကောင်းသွားမှာပါ။

(၇) ပခုံးမှာ ရေမြှပ်ပါတာကို ဝတ်ဆင်ပါ

ပခုံးသေးတဲ့သူ၊ လက်မောင်းကြွက်သား မရှိတဲ့သူတွေအတွက် အင်္ကျီဝတ်တဲ့အခါမှာ ရေမြှပ်ပါဝင်တာကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒါဆိုရင်တော့ လက်မောင်းကြွက်သားများ ရှိသယောင်ထင်စေပြီး တောင့်တောင့်တင်းတင်းနဲ့ ကြည့်ကောင်းနေစေမှာပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*