ကလေးစွန့်ပစ်ခါနီး ဖခင်တစ်ဦးရဲ့နောက်ဆုံးနှုတ်ဆက်တဲ့ ရင်နင့်ဖွယ်ရာမြင်ကွင်း

အိန္ဒိယက ဖခင်တစ်ဦးရဲ့ ကလေးစွန့်ပစ်ခါနီးအချိန်မှာ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းဟာ သိပ်ကို ကြေကွဲ ဝမ်းနည်းဖွယ်ကောင်းပါတယ်။ စောင့်ကြည့်ကင်မရာကနေ မြင်တွေ့ခဲ့ရတာက ဖခင်ဖြစ်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသား ဘစ်တိုဆိုသူဟာ သုံးရက်သားကလေး ငယ်လေးကို ခရစ်ယာန်ဘုရား ကျောင်းရှေ့မှာ လာရောက်စွန့်ပစ်သွားခဲ့တာပါ။

ဒါပေမယ့် အဲ့ဒီမြင်ကွင်းကို ကြည့်မယ်ဆိုရင် လူတိုင်းမျက်ရည်မဆည်နိုင် ရင်နင့်ကြေကွဲစရာပါပဲ။ ကလေးစွန့်ပစ်ခဲ့တဲ့ ဖခင်ဟာ အနှီးထုပ် ကလေးနဲ့ ထုပ်ထားတဲ့ သုံးရက်သားကလေးငယ်ကို လက်နှစ် ဖက်နဲ့ ပွေ့ချီလာခဲ့ပြီးတော့ ဘုရားကျောင်းရှေ့ မစွန့်ပစ်ခင်မှာ အနမ်းပေးခဲ့ တာပဲဖြစ်ပါတယ်။ ဒါဟာ မြင်ရသူတိုင်းကို ဝမ်းနည်းစေမှာပါ။

 

စောင့်ကြည့်ကင်မရာမှတ်တမ်းကြောင့် ကလေးစွန့်ပစ်ခဲ့တာကို သိသွားခဲ့လို့ ရဲတပ်ဖွဲ့စစ်ဆေးချက် ထွက်ဆိုခြင်းမှာဆိုရင် ဖခင်ဖြစ်သူအမျိုး သားဟာ ကလေးစွန့်ပစ်ရခြင်းအကြောင်းအရင်းက မိသား စုမှာ ကလေးသုံးယောက်အထက် ကလေး လေးဦးရှိလာလို့ ရှက်ရွံ့မိတယ်ဆို ကာ စွန့်ပစ်လိုက်ခြင်း ဖြစ်တယ်လို့ ထွက်ဆိုပြောကြားခဲ့ပါတယ်။

အိန္ဒိယ၊ ကီရာလာအနီးက ဘုရားကျောင်းလုံခြုံရေးအစောင့်က ဒီစွန့်ပစ်ခံမွေးကင်းစကလေး ငယ်လေးကို ဖခင်ဖြစ်သူကိုယ်တိုင် ပစ်သွားခဲ့ပြီးနောက် တစ်နာရီလောက်အကြာမှာ ညဦးပိုင်း ၉ နာရီမှာ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ဘုရားကျောင်းရှေ့မှာ စွန့်ပစ်ခံရတဲ့ ကလေးငယ်ကို ဆေးရုံမှာ ကျန်း မာရေးစစ်ဆေးမှုတွေနဲ့ စစ်ဆေးကုသပေးလျှက်ရှိပြီးတော့ ကလေးမိဘနှစ်ဦးစလုံးကိုတော့ ဖမ်းဆီး ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*