ယောက်ျားဆိုဒ်လိုကြီးမားတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် Body Shaming လုပ်ခံခဲ့ရတဲ့ အားကစားမယ်များ

မိန်းကလေးဆိုရင် သွယ်လျလှပတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ နုနုယွယွလေး ဖြစ်နေမှ မိန်းမပီသတယ် လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် အားကစားလုပ်တဲ့ မိန်းကလေးတွေကျတော့ ကြီးမားတဲ့ ကြွက်သားနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်အချိုးအစားတွေကြောင့် ယောက်ျားဆိုဒ်ကြီး ဖြစ်နေရတဲ့ အပေါ် ပြစ်တင်ဝေဖန်မှုတွေ ရှိနေပါတယ်။ တချို့သော ကမ္ဘာကျော် အားကစားမယ်တွေက သူတို့ရဲ့ တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် Body shaming လုပ်ခံရတဲ့အပေါ် အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့ပါတယ်။

(၁) Serena Williams

ကမ္ဘာကျော်တင်းနစ်အားကစားမယ် Serena Williams ကတော့ သူမရဲ့ တောင့်တင်းခိုင်မာတဲ့ ဘော်ဒီအချိုးအစားကြောင့် ဝေဖန်ခြင်းခံခဲ့ရသူပါ။ မိန်းကလေးခန္ဓာကိုယ်က ယောက်ျားတစ်ယောက်လို ကြွက်သားတွေနဲ့ ဖြစ်နေလို့ body shaming အမြဲလုပ်ခံခဲ့ရပါတယ်။ ဒီဝေဖန်ပြစ်တင်မှုတွေအပေါ် serana ကတော့ “ ကျွန်မရဲ့ခန္ဓာကိုယ်က တခြားအမျိုးသမီးတွေထက် သန်စွမ်းတယ်၊ ယောကျာ်းလေးတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့အတွက် တင်းနစ်အားကစားမယ် ဖြစ်ခဲ့ရတာကို ဂုဏ်ယူပါတယ်” လို့ အကောင်းဆုံးတုန့်ပြန်ခဲ့ပါတယ်။

(၂) Alex Morgan

Alex ကတော့ ကမ္ဘာကျော်ဘောလုံးကစားသမားတစ်ယောက် ဖြစ်တဲ့အတွက် ခြေထောက်တွေက ယောက်ျားကြီးတစ်ယောက်လို ကြွက်သားတွေနဲ့ တောင့်တင်းခိုင်မာနေဖို့ လိုပါတယ်။ ဒီလို ကြီးမားတဲ့ ခြေထောက်ကြွက်သားကြီးတွေကြောင့် body shaming လုပ်ခံခဲ့ရတာပါ။ ဒီအတွက် Alex ကတော့ “ လူတစ်ယောက်နဲ့တစ်ယောက်က အမြင်ချင်းမတူကြပါဘူး။ ကျွန်မကိုယ်တိုင်လည်း ကျွန်မခန္ဓာကိုယ် ကို လှပတယ်လို့လည်း မထင်ပါဘူး။ ဒါပေမယ့် ကျွန်မပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်၊ အသွေးအသားကို ကျွန်မချစ်တယ်၊ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ရှိတယ်” လို့ ဆိုပါတယ်။

(၃) Aly Raisman

သူမကတော့ ငယ်စဉ်ကတည်းက ကြီးမားတဲ့လက်မောင်းကြွက်သားတွေကြောင့် ကျောင်းမှာ ကတည်းက ယောက်ျားလေးအများစုရဲ့ အစအနောက်ခံခဲ့ရသူလေးပါ။ ဒါပေမယ့် သူမဟာ သူ့ရဲ့ ဖြစ်တည်နေတဲ့ ခန္ဓာကိုယ်အချိုးအစားအပေါ် ရှက်ရွံ့မနေဘဲ ကိုယ်ကာယအားကစားမယ် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ Aly က သူမကို body shaming လုပ်နေကြတဲ့အပေါ် “ ကျွန်မရဲ့ ကြီးမားတဲ့ ကြွက်သားလက်မောင်းတွေက မြင်ရသူအဖို့တော့ မိန်းကလေးတန်မဲ့ဆိုပြီး စိတ်ပျက်စရာကောင်းနေ ပါလိမ့်မယ်၊ ဒါပေမယ့် ဒီလိုတောင့်တင်းတဲ့ လက်မောင်းကြောင့် ကိုယ်ကာယအားကစားမယ် တစ်ယောက်ဖြစ်လာရတာကို ဂုဏ်ယူမိပါတယ်” လို့ ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

(၄) Elena Hight

ကမ္ဘာကျော် အမျိုးသမီး နှင်းလျှောစီးသမား Elena ကတော့ သူမကို body shaming လုပ်နေတဲ့ အပေါ် “ကျွန်မက ဘယ်တော့မှလည်း သွယ်လျလှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သန်မာထွားကျိုင်းတဲ့ ခြေထောက်တွေကြောင့် ခုလို နှင်းလျှောစီး သမား ဖြစ်ရတာ သိပ်ဂုဏ်ယူဖွယ် ကောင်းတယ်” လို့ အင်တာဗျူးတစ်ခုမှ ဖြေကြားခဲ့ပါတယ်။

(၅) Mikaela Shiffrin

၂၀၁၈ အိုလံပစ်မှာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့တဲ့ အမျိုးသမီး စကိတ်စီးသမား Mikaela ကလည်း သူမရဲ့ ခန္ဓာကိုယ်အချိုးအစားက ယောက်ျားတစ်ယောက်လို တောင့်တင်းသန်မာတဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေကို ကြုံတွေ့ခဲ့ရဖူးပါတယ်တဲ့။ “ဒီလို ချန်ပီယံဆုရဖို့အတွက် ကျွန်မရဲ့ခြေထောက်ကြွက်သားတွေ တောင့်တင်းခိုင်မာနေဖို့ လိုတယ်၊ ကျွန်မရဲ့ တုတ်တုတ်ခိုင်ခိုင် ခြေထောက်ကို လှပတယ်လို့ ခံစားရဖို့ ဒီဆုတံဆိပ်က သင်ကြားပေးလိုက်တာပါ” လို့ ဆိုပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*