မင်္ဂလာဆောင်ခါနီး အတိတ်မေ့သွားတဲ့ချစ်သူကိုမှတ်ဥာဏ်ပြန်ရလာအောင် နှစ်အတော်ကြာပြုစုပေးခဲ့တဲ့ လူငယ်အမျိုးသား

ဖြစ်ရပ်မှန် ရင်နှင့်ဖွယ်ရာ အချစ်ဇာတ်လေးတစ်ပုဒ်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ ဂျပန်နိုင်ငံကချစ် သူနှစ်ဦးရဲ့ အချစ်ဇာတ် လမ်းလေးတစ်ပုဒ်က စာဖတ်သူတွေရဲ့ နှလုံးသားကို စီးမြောစေနိုင်ပြီးတော့ လောကကြီးထဲက အချစ်စစ်ဆိုတာမျိုးနဲ့ ထိတွေ့ခံ စားစေနိုင်ပါတယ်။ အချစ်စစ်မှန်ရင် ဘယ်တော့မှ သေဆုံးသွားရိုးထုံးစံမရှိပဲ ထာဝရအဖြစ်ကျန်ရစ်နေဆဲဖြစ်တယ်ဆိုတာကို သိလိုက်ရပါတယ်။

ဟိဆာရှီ နီရှီဇာဝနဲ့ မီနာခဟာရ ဆိုသူတို့ နှစ်ဦးသားဟာ သာမန်ချစ်သူစုံတွဲတွေလိုပါပဲ။ တစ်ဦးကိုယ် တစ်ဦး သူငယ်ချင်းခင်မင်မှုကနေ သံယောဇဉ်ချစ်ကြိုးနဲ့ မေတ္တာတွေအပြန်အလှန် ရှိသွားခဲ့ကြတာပါပဲ။ တစ်ရက်မှာ နီရှီဇာဝက သူရဲ့ မိန်းကလေး မီကို ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ချစ်သူ ရဲ့လက်ထပ်ခွင့်ကို လက်ခံခဲ့ပြီး နှစ်ဦးသား လက်ထပ်ထိမ်းမြားဖို့ ပြင်ဆင်ရင်း လပိုင်းရက် အနည်းငယ် အလိုမှာပဲ ချစ်သူမိန်းကလေး မီက ချစ်သူကောင်လေး နီရှီဇာဝကို မေ့သွားခဲ့ပါတယ်။

ဒီလို မေ့သွားရခြင်းကလည်း နီရှီဇာဝ ဘယ်သူဘယ်ဝါဆိုတာဖြစ်တာနဲ့ ဘယ်လိုပတ်သက်မှုရှိတာတွေ ဆိုတာကိုပါ မေ့သွားခဲ့ပြီး မိဘဆွေမျိုး အပေါင်းအသင်းတွေကိုလည်း အားလုံးကို မမှတ်မိနိုင်တော့ လောက်အောင် ချစ်သူမိန်းကလေးမှာ ထူးဆန်းစွာပြောင်းလဲခဲ့ ပါတယ်။ ဒါဟာ ဦးနှောက်မှာဖြစ်တတ်တဲ့ ထူးခြားတဲ့ ရောဂါဝေဒနာလက္ခဏာတစ်ခုခံစားရမှုကြောင့် ဒီလို မေ့သွားရခြင်းဖြစ်တယ် ဆိုတာအတည်ပြုပေးခဲ့ကြလို့ မိသားစုနဲ့ချစ်သူကောင်လေးတို့က မိန်းကလေးရဲ့ ရောဂါသက်သာလာဖို့အတွက် စောင့်ဆိုင်းမှုနဲ့ ကုသမှုတွေပေးခဲ့ပါတယ်။

ကောင်လေးအတွက်တော့ ချစ်သူကောင်မလေးက ဒီလိုမျိုး အတိတ်မေ့သွားရတဲ့အဖြစ်အပျက်အ တွက် ဝမ်းနည်းကြေကွဲခဲ့ပေမယ့် သူလက်မလျှော့ခဲ့ပါဘူး။ နှစ်ပေါင်း အတော်ကြာတဲ့အထိ ကောင် မလေးရဲ့ မှတ်ဥာဏ်၊ သူ့ကို ဘယ်သူဘယ်ဝါဆိုတာ ပြန်လည် အမှတ်ရတဲ့အထိ အရာအားလုံးကို တစ်ခုချင်းပြန်လည် အမှတ်ရအောင် နည်းလမ်းပေါင်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါတယ်။ တစ်ရက်မှာတော့ သူ့ ကို ကောင်မလေးက အပြုံးလေးနဲ့ နှုတ်ဆက်ပြီးမှတ်မိတယ်ဆိုတဲ့ အရိပ်အယောင်ပြခဲ့လို့ သူပင်ပန်းရ ကျိုး၊ စောင့်ဆိုင်းရကျိုးနပ် သွားခဲ့ပါတယ်။

နှစ်ပေါင်းများစွာကြာအောင်ပဲ ကောင်မလေးရဲ့ အသိဥာဏ် ထဲ သူ့ကိုပြန်လည်အမှတ်ရအောင် မညီး မညူလုပ်ပေးခြင်းက သူ့အတွက် လက်ဆောင်ကြီးကြီးမားမား ကြီး ပြန်လည်ပေးလိုက်ပါတယ်။ အဲ့ဒါ ကတော့ သူဖြစ်ချင်ခဲ့တဲ့ မင်္ဂလာဆောင်ပွဲလေးကို ပြန်လည်ကျင်းပခွင့်ရသွားတာပါပဲ။ ချစ်သူကောင် မလေးအတိတ်မှတ်ဥာဏ်တွေ ပျောက်ဆုံးသွားစဉ်က ရပ်တန့်ပစ်ခဲ့ရတဲ့ မင်္ဂလာဆောင် လက်ထပ်ပွဲ လေးကို အစီအစဉ်အတိုင်းပြန်လည်ကျင်းပပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးတစ်ခုကို ဖန် တီးလိုက်ကြပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*