Latest post

ရည်းစားဟောင်းရဲ့ရန်ကြောင့် ရှိုးပွဲကို လုံခြုံရေးတိုးမြှင့်ပြီးပွဲတက်လာရတဲ့ နစ်ကီမီနာ့ခ်ျ

အဖော်အချွတ်မှာ အလန်းစားခပ်ကြမ်းကြမ်းပို့စ်တွေနဲ့ အမိုက်စား ရပ်ပင်သီချင်းစာသားတွေ အမြဲသီဆိုလေ့ရှိတဲ့ အမျိုးသမီး နာမည်ကြီး ရက်ပ်ပါ အဆိုတော် နစ်ကီမီနာ့ခ်ျဟာ ရည်းစားဟောင်းကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့ တယ်ဆိုတဲ့ ဝေဖန်ပုတ်ခတ်စကားတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒါက နစ်ကီဟာ ရည်းစားဟောင်း ဆာဖာရီ ကို အတူတွဲနေစဉ်အချိန်အတွင်း ဓါးထိုးရန်ပြုခဲ့ပြီးတော့ သူမက သူ့ကို သတ်ပစ်ဖို့ကြိုးစားခဲ့ဖူးတယ်လို့ ဆာဖာရီကပြောဆိုထားပါတယ်။ ဒီပြောကြားချက်အပေါ် နစ်ကီကတော့ သူမအနေနဲ့လည်း ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။ ဆာဖာရီဟာ သူခိုး၊ လူညာတစ်ယောက်ဖြစ်တယ်လို့ ဆိုခဲ့ပါ တယ်။

ရည်းစားဟောင်းနဲ့ အပြစ်အလှန် စွပ်စွဲတိုက်ခိုက်မှုတွေ ပြောဆိုနေကြတဲ့ နစ်ကီမီနာ့ခ်ျနဲ့ ဆာဖာရီတို့ နှစ်ဦးက လက်ရှိအနေအထားမှာဆိုရင် တစ်ယောက်ကို တစ်ယောက် အမျက်ထွက် ရန်စောင်အညှိုးတေးထားတဲ့ အခြေအနေမှာလည်း ဖြစ်ပါတယ်။

ယခုရက်သတ္တပတ်မှာ ကျင်းပမယ့် ဗွီအမ်အေအက်စ် ရှိုးပွဲကို သူတို့နှစ်ယောက်စလုံး တက်ရောက်ရဖို့ရှိနေ ပြီးတော့ ဒီလိုမျိုး နှစ်ယောက်သားရဲ့ ပြင်းထန်တဲ့ အမျက်ဒေါသထွက် တိုက်ခိုက်မှုတွေကြားမှာ သူတို့တွေရဲ့ ကိုယ်ပိုင်လုံခြုံရေးကို တင်းကျပ်ပြီး ပွဲကို တက်ရောက်လာကြတယ်လို့လည်း သိရပါတယ်။

အချိန်မရွေး တစ်ယောက်ကိုတစ်ယောက် ရန်ပြုကြလိမ့်မယ်လို့ ခန့်မှန်းထားတဲ့ နစ်ကီနဲ့ ဆာဖာရီ တို့နှစ်ယောက်စလုံးက အနီးကပ်လုံခြုံရေး အရေအတွက်ကို ပိုမိုတိုးမြှင့်ပြီးတော့ ပွဲကို တက်ရောက်ကြ တာလည်းဖြစ်ပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*