ရင်သားသေးတဲ့ ကောင်မလေးတွေအတွက် ဖက်ရှင်အိုင်ဒီယာများ

ရင်သားသေးတယ်ဆိုတာဟာ သိမ်ငယ်စရာ၊ ရှက်စရာကိစ္စမဟုတ်ပါဘူးနော်။ “Flat is hot” ဆိုတဲ့အတိုင်း ရင်သားသေးသူတွေလည်း သူ့အလှနဲ့သူ ဆွဲဆောင်မှု ရှိနေပါတယ်။ ကိုယ်နဲ့လိုက်ဖက်မယ့် ဖက်ရှင်တွေကို ဝတ်ဆင်တတ်ရုံနဲ့ ရင်သားသေးတာမသိသာတော့ဘဲ ဖက်ရှင်ကျသွားစေမယ့် နည်းလမ်းကောင်းလေးကို ပြောပြချင်ပါတယ်။ ဒီတော့.. ရင်သားသေးနေတယ်ဆိုရင် ဘယ်လိုဖက်ရှင်တွေကို ဝတ်ဆင်ရမလဲ၊ ဘယ်လိုဖက်ရှင်နဲ့ လိုက်ဖက်မှု ရှိလဲဆိုတာကို ကြည့်လိုက်ရအောင်။

(၁) Shoulder-off၊ ရင်ပြတ်အကျီင်္နဲ့ V shaped top တွေကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။ ဒီလိုဖက်ရှင်တွေက လည်ပင်းနဲ့ လက်မောင်းအလှကို ပိုမိုအသားပေးထားတဲ့ အတွက် ရင်သားဆီကို အာရုံမရောက်တော့ပါဘူး။

(၂) ကြိုးပျောက်ဝတ်စုံနဲ့ ကြိုးတစ်ချောင်းအကျီင်္လေးတွေကို အထာကျကျဝတ်ဆင်နိုင်ပါတယ်။ ကြိုးတစ်ချောင်းအကျီင်္၊ နောက်ကျောပြောင်အကျီင်္တွေ ဝတ်တဲ့အခါမှာ ရင်သားတွဲကျနေမှာ၊ ကြည့်ရဆိုးနေမှာ၊ စတာတွေအတွက် စိုးရိမ်နေစရာမလိုတော့ပါဘူး။ နောက်ကျောပြောင်အကျီင်္၊ strapless နဲ့ Bralette လေးတွေ ဝတ်ဆင်နိုင်ပါတယ်။

(၃) ကိုယ့်ရဲ့သေးသွယ်တဲ့ ခန္ဓာကိုယ်နဲ့ fitting ကျတဲ့ ကြိုးတစ်ချောင်းဂါဝန်တွေ၊ ချည်ဂါဝန်လေးတွေကလည်း ရင်သားသေးတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မှု ရှိပါတယ်။

(၄) ဇာနဲ့ချုပ်လုပ်ထားတဲ့ ဝတ်စုံတွေကလည်း ရင်သားသေးတဲ့သူတွေအတွက် ဆွဲဆောင်မှု ရှိစေပါတယ်။ Sheer လိုပြီး ဖောက်ထွင်းမြင်နိုင်တဲ့ ပိတ်စလိုမျိုးကို ဝတ်ဆင်တဲ့အခါမှာ အောက်ခံ ဘရာရွေးချယ်မှုကလည်း အရေးကြီးပါတယ်။

(၅) bandeau crop top လို့ခေါ်တဲ့ ရင်ပြတ်အကျီင်္တွေကလည်း ရင်သားသေးတဲ့ Flat girl တွေအတွက် အဆင်ပြေစေမယ့် ဖက်ရှင်ပါပဲ။

(၆) ပွပွချောင်ချောင် Oversized Shirt တွေကို ဝတ်ဆင်ပါ။ ရင်သားသေးတာကို မသိသာစေတော့ဘဲ အထာကျမယ့် ဖက်ရှင်ပါပဲ။ ရှပ်အင်္ကျီရွေးချယ်တဲ့ အခါမှာလည်း ရင်ဘတ်မှာ အိတ်ကပ်ပါတာမျိုးကို ရွေးချယ်မယ်ဆိုရင် ရင်သားသေးတာကို မသိသာစေတော့ပါဘူး။

(၇) Overall Jeans Skirt လေးတွေကို ရွေးချယ်စေချင်ပါတယ်။ ဂါဝန်တွေကို ဝတ်မယ့်အစား ဒီလိုချစ်စရာကောင်းတဲ့ ဖက်ရှင်က flat girl တွေအတွက် အလိုက်ဖက်ဆုံးပါပဲ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*