နှင်းဆီပန်းတွေရဲ့ အရောင်အလိုက်အဓိပ္ပာယ်

Valentine day က ရောက်လာတော့မှာတစ်ကြောင်း၊ ချစ်သူခင်သူတွေကို နှင်းဆီပန်းလက်ဆောင်ပေးတဲ့အခါ ဘာအရောင်တွေက ဘယ်လိုနေရာနှင့် ဘယ်လိုအခြေအနေတွေမှာ ပေးဖို့ပိုသင့်တော်တယ်ဆိုတာကို သိရှိရအောင်ကတစ်ကြောင်း အကြောင်းရင်းနှစ်ခုအတွက် ယေဘုယျသတ်မှတ်ထားကြတဲ့ နှင်းဆီပန်းရဲ့ အရောင်အလိုက်အဓိပ္ပာယ်ကို ဖော်ပြပေးလိုက်ပါတယ်။

 

၁) အနီရောင်နှင်းဆီ – အချစ်၊ စိတ်ကူးယဉ်ဆန်မှု

Related image

အစောပိုင်းအချိန်များက အဖြူရောင်နှင်းဆီပန်းကို အချစ်စစ်အတွက် ကိုယ်စားပြုသောအရောင်အဖြစ် အသုံးပြုကြပါတယ်။ နောက်ပိုင်းမှာ အချစ်စစ်ကို ကိုယ်စားပြုသောအရောင်အဖြစ် အနီရောင်ကို ပြောင်းလဲသတ်မှတ်လာကြပါတယ်။ အနီရောင်နှင်းဆီဟာ အချစ်စစ်ကို ကိုယ်စားပြုတာကြောင့် ချစ်သူကိုပေးဖို့ ရွေးချယ်သင့်တဲ့အရောင် ဖြစ်ပါတယ်။

၂) အဝါရောင်နှင်းဆီ – ခင်မင်ခြင်း၊ ပျော်ရွှင်ခြင်း၊ သင့်မြတ်ခြင်း

Image result for yellow rose bunch
အဝါရောင်ဆိုတာ နေနဲ့အနီးစပ်ဆုံးတူတဲ့အရောင် ဖြစ်ပါတယ်။ ပျော်ရွှင်တက်ကြွခြင်းကို ကိုယ်စားပြုပါတယ်။ လူတွေကို ပျော်ရွှင်စေလိုတဲ့အခါ၊ အားပေးလိုတဲ့အခါမှာ အဝါရောင်နှင်းဆီကိုပေးပါ။ အဝါရောင်နှင်းဆီပေးခြင်းဟာ အမြတ်တနိုးထားကြောင်းနှင့် ၅၂၈ အချစ်ကို ဖော်ညွှန်းပါတယ်။ သူငယ်ချင်းတွေကိုပေးဖို့အတွက်နှင့် ချီးကျူးဂုဏ်ပြုရာမှာပေးဖို့အတွက် ရွေးချယ်သင့်တဲ့အရောင် ဖြစ်ပါတယ်။

၃) ပန်းရောင်နှင်းဆီ – အချစ်၊ ကျေးဇူးတင်ခြင်း၊ တန်ဖိုးထားလေးစားခြင်း

Related image
ပန်းရောင်ဟာ ကျက်သရေရှိခြင်း၊ ဖြူစင်ရိုးသားခြင်း၊ သိမ်မွေ့ခြင်းနှင့် ကဗျာဆန်ခြင်းတို့ အနက်အဓိပ္ပာယ်ကို ဆောင်ပါတယ်။ ပန်းရင့်ရောင်နှင်းဆီဟာ ကျေးဇူးတင်ခြင်း၊ တန်ဖိုးထားခြင်းတို့ကို ရည်ညွှန်းတဲ့အတွက် ကျေးဇူးတုံ့ပြန်ရာမှာ ပေးဖို့သင့်လျော်ပါတယ်။ ပန်းနုရောင်နှင်းဆီဟာ သိမ်မွေ့ခြင်းနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းတို့နဲ့ ဆက်စပ်တာကြောင့် ကရုဏာတရားကို ဖော်ပြရာမှာ ရွေးချယ်သင့်တဲ့အရောင်ဖြစ်ပါတယ်။

၎) အဖြူရောင်နှင်းဆီ – သန့်ရှင်းစင်ကြယ်ခြင်း၊ ရိုးသားခြင်း၊ ကရုဏာထားစာနာခြင်း၊ ယုံကြည်ခြင်း

Image result for white rose bunch
အဖြူရောင်နှင်းဆီဟာ ပေါင်းစည်းခြင်း၊ ကိုယ်ကျင့်တရားနဲ့ပြည့်စုံခြင်း၊ အချစ်မှာရိုးသားဖြူစင်ခြင်းတို့ကို ကိုယ်စားပြုတဲ့အတွက် သတို့သမီးတွေအတွက်ပန်း၊ မင်္ဂလာခန်းဝင်ပန်းများအဖြစ် အသုံးပြုကြပါတယ်။ ဂုဏ်ပြုခြင်းနဲ့ လွမ်းဆွတ်သတိရခြင်းတို့ အဓိပ္ပာယ်လည်းဆောင်တဲ့အတွက်ကြောင့် နှုတ်ဆက်ခွဲခွာသွားသော ချစ်သူခင်သူတွေကိုရည်ညွှန်းရာမှာ ရွေးချယ်သင့်တဲ့အရောင်ဖြစ်ပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*