သွားဖြူအောင် ခဲပတ်မယ် !

ပုံမှန်သွားတိုက်ပေမယ့် သွားတွေက မဖြူဘဲ ဝါမြဲဝါနေလား။ သင်ဟာ ကော်ဖီ ၊လက်ဖက်ရည် ၊ အအေးတွေကိုစွဲစွဲမြဲမြဲသောက်တတ်တယ်ဆိုလျှင်တော့ သွားတွေပြန်ဖြူဖို့ သူများထက် ခက်ခဲနိုင်ပါတယ်။ သို့သော် ဒီလို ဖြူဖို့ခဲယဉ်တဲ့သွားကို ဖြူအောင်လုပ်ဖို့အတွက် နည်းလမ်းကောင်းရှိပါတယ်။ သွားဆေးခန်းသွားပြီး ငွေကုန်ကြေးကြမများတဲ့ ထိရောက်တဲ့နည်းလမ်းတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

ဒီနည်းလမ်းကိုပြုလုပ်ဖို့ Baking Soda မှုန့် နှင့် ငါးကင်တဲ့အခါ အသုံးပြုတဲ့ ခဲပါတ်(Aluminium Foil) သာ လိုအပ်ပါတယ်။ ဈေး ၊ ကုန်တိုက်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ ပစ္စည်းတွေချည်းပဲနော်။

ပြုလုပ်နည်း

ပထမဦးစွာ ပုံမှန်သွားတိုက်နေကျ ပမာဏအတိုင်း သွားတိုက်ဆေးကို baking soda မှုန့် အနည်းငယ်ခန့် ရောပါ။ ပြီးနောက် ခဲပါတ်ကို မိမိရဲ့သွား ၊ပါးစပ်အနေအထားအလိုက် အနည်းငယ် ဖြဲယူထားပါ။ ရောနှောထားသော သွားတိုက်ဆေးကို သွားအနှံ့သုတ်ပြီး အပေါ်မှ ခဲပတ်ဖြင့် ဖိကပ်လိုက်ပါ။ တစ်နာရီကြာအောင် ကပ်ပြီးလျှင် ရေဖြင့် ဆေးကြောသန့်စင်လိုက်ရုံပါပဲ။

တစ်နေ့တစ်ကြိမ်လုပ်လျှင် လုံလောက်ပေမယ့် ပိုပြီးမြန်ဆန်တဲ့ ရလဒ်ကိုလိုချင်လျှင်တော့ တစ်နေ့ ၂ကြိမ် ပြုလုပ်ပါ။ ၇ရက်အတွင်းမှာပင် သင့်ရဲ့သွားတွေဟာ သိသိသာသာ ဖြူဖွေး တောက်ပြောင်သွားပါလိ့မ်မယ်။

CHAN(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*