သမ္မတထရန့်နဲ့အတူအိပ်ခဲ့ဖူးတဲ့ အပြာမင်းသမီးတွေကို ငွေပေးတဲ့အလုပ်လုပ်ခဲ့ဖူးတယ်လို့ ရှေ့နေဟောင်းဝန်ခံ

အပြာမင်းသမီးတွေကို ပိုက်ဆံပေးတဲ့ အလုပ်တွေ လုပ်ကိုင်ပေးခဲ့ရတယ်လို့ အမေရိကန် သမ္မတဒေါ်နယ်လ် ထရန့်ရဲ့  ရှေ့နေဟောင်းဖြစ်သူက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒေါ်နယ်လ်ထရန့်ရဲ့ ရှေ့နေဟောင်း တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ မိုက်ကယ်ကိုဟန်ဆိုသူဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက မက်ဟန်တန် တရားရုံးတော် မှာ ကြားနာစစ်ဆေးစဉ်မှာ ထုတ်ဖော်ပြောကြား ခဲ့တာဖြစ်ပါတယ်။

မိုက်ကယ်ရဲ့ ထွက်ဆိုပြောကြားချက်ထဲမှာဆိုရင် အိမ်ဖြူတော်ကိုဝင်ရောက်နိုင်ဖို့ ကြိုးစားနေစဉ် မဲဆွယ်စည်း ရုံးရေးကာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်နဲ့အတူ အလုပ်လုပ်ကိုင်ဖူးတယ်လို့ ဆိုလာပြီး တော့ ထရန့်နဲ့ အတူအိပ်ခဲ့ဖူးတဲ့ အပြာမင်းသ မီးတွေကို အခကြေးငွေ၊ ငွေကြေးပေးခြင်း အလုပ်တွေကို လုပ်ပေးခဲ့ရ တယ်လို့ သိရပါတယ်။

ထရန့်နဲ့ ပတ်သက်ခဲ့ဖူးတယ်ဆိုတဲ့ နာမည်ကြီးအပြာမင်းသမီးတစ်ဦးဖြစ်တဲ့ စတော်မီဒန်နီရယ်ကို ဒေါ်လာ တစ်သိန်း သုံးသောင်းကျော်ပေးဖို့ ညှိနှိုင်းပေးခဲ့ရဖူးတယ်လို့ မိုကကယ်က ပြောခဲ့ပါတယ်။ အေပီသတင်းဌာနဲ့ စီအင်န်အင်န် သတင်းဌာနတွေကနေ ကိုးကားဖော်ပြချက်အရ ထရန့်နဲ့ ရှေ့နေဟောင်း ကိုဟန်တို့ နှစ်ယောက် ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက မဲဆွယ်စည်းရုံးရေးမှာ ထင်ပေါ်ကျော်ကြားမှုနဲ့ လူသိများလာဖို့အတွက် ငွေ ကြေးသုံးစွဲခြင်း၊ ပေးအပ်ခြင်းတွေလည်း ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်ကတော့ အဲ့ဒီအချိန်တုန်းကဖြစ်ခဲ့တဲ့ အဆိုပါ ငွေကြေးပေးအပ်ငွေ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုခြင်းတွေ ပြောကြားခဲ့ပါတယ်။ ပြစ်မှု ၈ မှုကျူးလွန်ထားတယ်လို့ ဝန်ခံထားတဲ့ မိုက်ကယ်ကိုဟန်က မဲဆွယ်စည်းရုံးရေးကာလအတွင်း အသုံးစရိတ် အမေရိကန်သမ္မတ ဒေါ်နယ် လ်ထရန့်နဲ့ ပလေးဘွိုင်းမော်ဒယ်အပြာမင်းသမီး စတော်မီဒန်နီရယ်နဲ့ ပတ်သက်တဲ့ ငွေကြေးအလွဲသုံးစားမှု ကျူးလွန်ခဲ့ဖူးတယ်လို့ ဝန်ခံပြောကြားထားပါတယ်။

မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*