Samsung Galaxy A8 (2018) ကို ဥရောပတွင် စတင်ရောင်းချ

Samsung Galaxy A8 (2018) ဟာ အာရှဈေးကွက်အချို့သို့ ၀င်ရောက်နေပြီ ဖြစ်ပါတယ်။ မနေ့ကတင်ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်ပွဲပြုလုပ်သွားပါသေးတယ်။  Samsung Galaxy A8 (2018) ဟာအခုဆိုရင် ဥရောပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

Samsung Galaxy A8 (2018) က မျက်နှာပြင် ၅.၆ လက်မရှိပြီး FullView Display Super AMOLED 1080×2220 p ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ lP68 ရရှိထားကြောင့် ရေစိမ်ခံနိုင်ပါတယ်။ Corning Gorilla Glass မှန်သုံးထားပါတယ်။ Exynos 7885 နှင့် ပါဝါထောက်ပံ့ထားပြီး RAM4GB ပါဝင်ပါတယ်။ Storage 32GB နှင့် 64GB တို့ကို ရွေးချယ်နိုင်ပါမယ်။

ကျောဘက်ကင်မရာက 16MP ဖြစ်ပြီး အလင်းဝင်ပေါက် f/1.7 သုံးထားပါတယ်။ ရှေ့ကင်မရာနှစ်လုံး ပါဝင်ပါတယ်။ 16MP+8MP ဖြစ်ပါတယ်။ ဘက်ထရီ 3000 mAh ပါဝင်ကာ အလျှင်အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။

Samsung ရဲ့ ဒတ်ခ်ျဝက်ဘ်ဆိုက်မှာ Galaxy A8 (2018) ကို အရောင်းစာရင်း တင်လာပြီ ဖြစ်ပါတယ်။ နယ်သာလန်မှာ Samsung Galaxy A8 (2018) ကို ယူရို ၄၉၉ နှင့် ရောင်းချနေပါတယ်။ ဒေါ်လာနှင့် ဆိုရင် ဒေါ်လာ ၅၉၅ ဖြစ်ပါတယ်။တစ်ခု သတိပြုရမှာက တော့ Samsung Galaxy A8 (2018) ကိုလည်း အပြာရောင်တစ်မျိုးတည်းနှင့်ပဲ ၀ယ်ယူနိုင်သေးတာပါ။

အခြား အရောင်များကို မဝေးတော့တဲ့ကာလအတွင်းမှာ ရောင်းချသွားဖို့တော့ ရှိပါတယ်။ ဒါ့အပြင် Samsung ဟာ အခြား ဥရောပဈေးကွက်အချို့မှာလည်း မကြာမီ ရောင်းချသွားဖို့ ရှိပါတယ်။

kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*