အသက် ၆နှစ်အရွယ် ကမ္ဘာ့အချောဆုံး မိန်းကလေးငယ်

Anna လို့ လူသိများတဲ့ Anastasia Knyazeva အမည်ရ အသက် ၆ နှစ်အရွယ် ရုရှားမှမိန်းကလေးငယ်ဟာ အင်စတာဂရမ်မှာ follower ၅၀၀,၀၀၀ ကျော်ပိုင်ဆိုင်လာပြီးနောက် ကမ္ဘာ့အချောဆုံးမိန်းကလေးငယ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

လှပတဲ့မျက်လုံး၊ အရုပ်မနဲ့တူတဲ့သွင်ပြင်ကြောင့် follower ၅၅၉,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ Anna ဟာ တချို့သော ဗြိတိန်ရဲ့ ရုပ်မြင်သံကြားကြယ်ပွင့်တွေထက်ကို follower ပိုများတာဖြစ်ပါတယ်။ အခုအခါမှာတော့ Anna ဟာ ၂၀၀၇ ခုနှစ်က အသက် ၆ နှစ်အရွယ် ကလေးမော်ဒယ်အဖြစ် နာမည်ကြီးခဲ့တဲ့ Thylane Blondeau ကဲ့သို့ ကလေးမော်ဒယ်တစ်ယောက် ဖြစ်လာတော့မှာပါ။

Anna ရဲ့ဓာတ်ပုံတွေကို ၂၀၁၅ ခုနှစ်ကတည်းက စတင်မျှဝေခဲ့ပြီး အဲ့ဒီအကောင့်ကိုတော့ မိခင်ဖြစ်သူက ကိုင်တွယ်ပေးနေတယ်လို့ သိရပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*