မိန်းကလေးတွေ ဓမ္မတာလာစဉ်ကာလမှာ ချစ်သူကောင်လေးဆီက လိုချင်တောင့်တတဲ့ အရာတွေ

ဆေးပညာရှင်များရဲ့ အဆိုအရ အမျိုးသမီးအများစုက ဓမ္မတာလာစဉ် ကာလအတွင်းမှာ ဟော်မုန်း အပြောင်းအလဲကြောင့် စိတ်အလိုမကျဖြစ်ခြင်း၊ အလိုလိုဝမ်းနည်းနေခြင်း၊ စိတ်ထိခိုက် ခံစားလွယ်ခြင်း နဲ့ အကြောင်းမရှိ ဒေါသထွက်နေခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ဂဏာမငြိမ်မှုပေါင်း များစွာကို ကြုံတွေ့ခံစား ကြရပါတယ်။ ဒီလိုအချိန်မျိုးမှာ ချစ်သူကောင်လေးဘက်က စိတ်မရှည်၊ သည်းမခံမိဘူး ဆိုတာနဲ့ အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ရမယ့် ကိစ္စမျိုးတွေ ဖြစ်ပေါ်သွားနိုင်ပါတယ်။ ဒီတော့…. ဒီလိုစိတ်မမှန်တဲ့ ကာလ၊ ဓမ္မတာလာစဉ် ကာလအတွင်းမှာ မိန်းကလေးအများစုက ချစ်သူ ကောင်လေး ဆီက လိုချင်တောင့်တတဲ့ အရာတွေက ဘာတွေလဲ ဆိုတာကို ပြောပြချင်ပါတယ်။ ကြိုတင် သိထားတော့ အရစ်လည်းမခံရတော့ဘဲ အဆင်ပြေပြေနဲ့ ဒီကာလကို ကျော်လွှားသွားနိုင်မှာ ပေါ့နော်။

(၁) သည်းခံနားလည်မှု

ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်အလိုမကျတာကို သည်းခံနားလည်ပေးနိုင်တဲ့ ချစ်သူမျိုး လိုချင်တော့တ တတ်ကြပါတယ်။ စိတ်အလိုမကျမှုကြောင့် ရစ်တာကိုလည်း သည်းခံပေးနိုင်ပြီး နားလည်မှုအပြည့်နဲ့ ချော့မော့တာကိုလည်း လိုချင်ကြပါသေးတယ်။

(၂) ပြုစုယုယမှု

ညင်သာတဲ့ အထိအတွေ့နဲ့ နှိပ်နယ်ပေးတာ၊ ဂရုတစိုက်ပြုစု ယုယပေးတာကိုလည်း မိန်းကလေးတွေက ဒီလိုကာလအတွင်းမှာ လိုချင်တောင့်တတတ်ကြပါတယ်။ မိန်ကလေးတွေအတွက် ဓမ္မတာလာစဉ် ကာလအတွင်းမှာ ရေနွေးနွေးနဲ့ ရေချိုးပြီး ညင်သာစွာနှိပ်နယ်ခြင်း၊ massage ပြုလုပ်ခြင်းကလည်း ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

(၃) ပျော်စရာများဖန်တီးပေးခြင်း

ဒီလိုဓမ္မတာလာစဉ်ကာလအတွင်းပဲ မဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့သူ ပျော်ရွှင်ဖို့အတွက် အချိန်ပြည့် ပျော်စရာတွေ ဖန်တီးပေးနေတတ်တဲ့ သူတွေလည်း အများကြီးရှိနေပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မျိုး မှာတော့ ပိုဂရုစိုက်ပေးဖို့ ဆိုလိုတာပါ။ ဝမ်းနည်းပြီး စိတ်အလိုမကျဖြစ်နေတဲ့ ဒီလိုအချိန်မျိုးမှာ သူမ အတွက် ပျော်ရွှင်စရာတွေ ဖန်တီးပေးပြီး ဟာသတွေ ပြောပေးမယ်ဆိုရင် ရစ်ဖို့တောင် မေ့သွားပါ လိမ့်မယ်။

(၄) ချက်ပြုတ်ကျွေးမွေးခြင်း

မိန်းကလေးတွေ အများစုက period ကာလမှာ အစားအသောက်ကိုလည်း အထိန်းအကွပ်မဲ့ စားသောက်တတ်ကြပါတယ်။ အထူးသဖြင့် သွားရေစာမုန့်တွေ၊ အချိုအဆိမ့်အစားအစာတွေကို တောင့်တတတ်ကြပါတယ်။ ဒါကို ချစ်သူကောင်လေးက အလိုက်တသိနဲ့ ချက်ပြုတ်ကျွေးမယ် ဆိုတော့ အတိုင်းထက်အလွန်ပျော်ပြီပေါ့။ မချက်ပြုတ်တတ်ဘူးဆိုရင်တောင် သူဘာစားချင်နေလဲ ဆိုတာကို အလိုက်တသိလေး မေးမြန်းပြီး ဝယ်ကျွေးလိုက်တာမျိုး၊ ချောကလက်ဝယ်ပေးတာမျိုး သေချာ ဂရုစိုက်ပြလိုက်ပါ။

(၅) ကူညီဖေးမခြင်း

အလုပ်ကိစ္စတွေပဲဖြစ်ဖြစ်၊ အခြားအိမ်မှုကိစ္စရေးရာ အဖြာဖြာတွေကို ကိုယ်နိုင်သလောက်လေး ကူညီဖေးမ လုပ်ကိုင်ပေးလိုက်ပါ။ စိတ်မကြည်မလင်ဖြစ်နေတဲ့အချိန်မှာ အလုပ်များနေရင် စိတ်ဖိစီးမှု များလာပြီး ချစ်သူအပေါ် ဆိုးတာ၊ ရစ်တာ၊ ပြဿနာရှာမှာကို စိုးရိမ်တယ်ဆိုရင်တော့ တခြားအချိန် တွေထက်ပိုပြီး ဒီလိုဓမ္မတာ လာစဉ် ကာလအတွင်းမှာ ကိုယ့်ရဲ့ချစ်သူကို စိတ်ချမ်းသာအောင် ထားပြီး သေချာ ဂရုစိုက်ပေးလိုက်ပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*