သင့်ချစ်သူပေးတဲ့ အနမ်း ၇မျိုး နောက်ကွယ်က လျှို့ဝှက်အဓိပ္ပါယ်များ

ကမ္ဘာပေါ်မှာ ချစ်သူပေးတဲ့အနမ်းလောက် ဘယ်အရာမှ ပိုချိုနိုင်မယ်မထင်ဘူး။ အနမ်းက ဝိုင်တစ်ခွက်လို တင်စားရမယ်ဆိုလျှင် ချိုတယ်။ပြင်းတယ်။စူးရှတယ်။မူးယစ်တယ်။စွဲလမ်းတယ်။ နမ်းတဲ့သူရော အနမ်းခံရတဲ့သူကိုပါ ကြည်နူးပျော်ရွှင်မြတ်နိုးမှု စတဲ့စိတ်ခံစားချက်တွေကို ပေးစွမ်းတယ်။ တချို့ အနမ်းတွေက စကားပြောတယ်။ နှုတ်ကဖွင့်ဟပြောဆိုမနေပေမယ့် သူ့မှာ အဓိပ္ပါယ်တွေရှိတယ်။ ဒီအဓိပ္ပါယ်တွေကို မိန်းကလေးတွေက ပိုပြီးသိချင်ကြမယ်ထင်တယ်။အောက်မှာ အနမ်းတွေရဲ့အဓိပ္ပါယ်ကို ကြည့်လိုက်ပါဦး။

၁။ပါးကိုနမ်းလျှင် ချစ်ခင်မှု ၊ မြတ်နိုးတွယ်တာမှု ၊ အားပေးမှု စတာတွေကို ဖော်ပြတဲ့ အနမ်းဖြစ်တယ်။ ဒီအနမ်းဟာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု စတာတွေကို ဂရုမထားဘဲ နမ်းခြင်းဖြစ်ပြီး သန့်ရှင်းစင်ကြယ်တဲ့ အနမ်းဆိုလျှင်လည်း မမှားဘူး။

၂။နှုတ်ခမ်းကို မြတ်မြတ်နိုးနိုးနမ်းလျှင် “ငါမင်းကိုအရမ်းချစ်တယ်” “ငါမင်းနဲ့ဒိတ်လုပ်ချင်တယ်” ဟု သွယ်ဝိုက်ပြောဆိုနေခြင်းတစ်မျိုးပဲ ဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ နှုတ်ခမ်းကို ခဏသာ ရွှက်ခနဲ နမ်းခြင်းမျိုးကတော့ ရိုးရှင်းတဲ့ သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးသဘောသာ ပြပါတယ်။ ဒီလို မိတ်ဆွေသူငယ်ချင်းအချင်းချင်း နှုတ်ခမ်းကို နမ်းတဲ့ အလေ့အထကတော့ အနောက်တိုင်းနိုင်ငံတွေမှာသာ ရှိကြပါတယ်။

၃။collarbone လို့ခေါ်တဲ့ လည်ပင်းရိုးနားတဝိုက်ကို အနမ်းပေးလျှင်တော့ သူ့စိတ်ထဲမှာ ကာမစိတ်တွေ အနည်းငယ်နိုးကြားနေတဲ့ သဘောပါပဲ။ စုံတွဲအများစုဟာ ချစ်တင်းနှောတဲ့အခါမှာ ထိုနေရာကို အနမ်းပေးတတ်ကြပြီး တကယ်ကို စွဲမက်ဖွယ်ကောင်းတဲ့ အနမ်းတစ်ခုအဖြစ် မှတ်ယူကြပါတယ်။

၎။နားရွက်ကို နမ်းတဲ့အခါမှာတော့ လိင်စိတ်တွေ နိုးကြားနေပြီး အနမ်းခံရတဲ့သူအတွက်လည်း  ချစ်စိတ်များ ပြင်းပြလာစေပါတယ်။ ဒီလိုအနမ်းဟာ အသွေးအသားတွေထဲထိ စိမ့်ဝင်စေတဲ့ အနမ်းတစ်ခု ဖြစ်နေပါလိ့မ်မယ်။

၅။လက်ကိုနမ်းတာကတော့ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သူတို့ရဲ့ ချစ်ခင်မှု ၊ နူးညံ့ကြင်နာမှု၊ မြတ်နိုးတွယ်တာမှုတွေကို ပြသလိုတဲ့အခါမျိုးမှာ နမ်းတတ်ကြပါတယ်။ ဒါ့အပြင် နမ်းတဲ့သူဟာ အနမ်းခံတဲ့သူအပေါ် ယုံကြည်မှုရှိတယ်ဆိုတာကိုပါ ဖော်ပြနေတာပါပဲ။

၆။ခန္ဓာကိုယ်နှစ်ခု နီးကပ်စွာ ထိကပ်ထားပြီး ပွေ့ဖက်လျက် နမ်းရှုံ့ခြင်းမျိုးက ခိုင်မာတဲ့ အချစ် နှင့် စွန့်လွှတ်အနစ်နာခံမှုတွေကို ပြသနေတဲ့သဘောပါ။ တစ်ယောက်ကိုတစ်ယောက် အမှန်တကယ်ချစ်မြတ်နိုးမှု ဖြစ်တဲ့အခါမှာ ဒီလိုအနမ်းမျိုး ပေးတတ်ကြပါတယ်။

၇။ချစ်စကားဆိုရင်း မျက်နှာ (သို့) နှုတ်ခမ်းကို ရုတ်တရက် နမ်းလိုက်လား ။ ဒါဆိုရင်တော့ ဒီအနမ်းကိုခံရတဲ့သူအဖို့ အလွန်ကျေနပ်နှစ်သိမ့်ဖွယ် ခံစားမှုမျိုးကို ရရှိသွားမှာပါ။ ဒီလိုအနမ်းမျိုးက တော်ရုံမချစ်ဘဲနဲ့တော့ နမ်းလို့မရဘူး။ ရင်ထဲက မြတ်မြတ်နိုးနိုးနဲ့ ဖြစ်လာတဲ့ခံစားချက်ကြောင့် ပွင့်ထွက်လာတဲ့အနမ်းမျိုးဖြစ်တယ်။

ကဲ…ကိုယ့်ချစ်သူကို မန်းရှင်းခေါ်ပြီး ဟုတ်၊မဟုတ် မေးကြည့်လိုက်ဦးနော်။

CHAN (ရွှေအင်းလေး)

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*