Latest post

တည်ကြည်ခန့်ညားတဲ့အမျိုးသားတွေ ရှိနေတဲ့နိုင်ငံ(၁၀) နိုင်ငံ

ကမ္ဘာ့အချောဆုံးကောင်မလေးတွေ ရှိတဲ့နိုင်ငံတွေကို ဖော်ပြပေးခဲ့ပြီးပြီဆိုတော့ ဒီတစ်ခေါက်မှာတော့ ချောမောခန့်ညားတဲ့ ကောင်လေးတွေ ရှိတဲ့နိုင်ငံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ နိုင်ငံတိုင်းမှာ  တော့ ချောမောခန့်ညားသူတိုင်းရှိကြတယ် ဆိုပေမယ့် အခုဖော်ပြပေးမယ့် နိုင်ငံဆယ်နိုင်ငံ မှာက ကောင်လေး ချောချောလေးတွေ အများအပြားရှိပါတယ်တဲ့။ ဒီတော့.. ဘယ်နိုင်ငံတွေ ပါဝင်လဲ ဆိုတာ ကြည့်လိုက်ရအောင်။

(၁) အီတလီ

တည်ကြည်အခန့်ညားဆုံးအမျိုးသားများ ရှိတဲ့နိုင်ငံကတော့ အီတလီနိုင်ငံပဲ ဖြစ်ပါတယ်။ အီတလီ အမျိုးသားများရဲ့ ရုပ်ရည်သွင်ပြင်ကစ ဖက်ရှင်အမြင်မှာလည်း ပြောစရာမလိုအောင် ပြီးပြည့်စုံနေတဲ့ အတွက်ကြောင့် မိန်းကလေးအများစုက အီတလီနိုင်ငံသားများကို သဘောကျကြပါတယ်တဲ့။ သူတို့ရဲ့ ထူးခြားမှုကတော့ ထူးခြားတဲ့ဖက်ရှင်အမြင်ရှိကြပါတယ်။

(၂) စပိန်

စပိန်အမျိုးသားများဟာလည်း ဆွဲဆောင်မှုရှိတဲ့ အမျိုးသားများအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ သူတို့ရဲ့ စူးရှတဲ့အကြည့်နဲ့ နက်မှောင်လှပတဲ့ ဆံကေသာများက တကယ့်ကိုဆွဲဆောင်မှု ရှိလွန်းလှပါတယ်။ စပိန်အမျိုးသားတွေရဲ့ ထူးခြားချက်ကတော့ ရိုမန်းတစ်ဆန်ကြပါတယ်တဲ့။

(၃) အင်္ဂလန်


အင်္ဂလန်နိုင်ငံက ကောင်လေးတွေကလည်း ဆွဲဆောင်မှုရှိတဲ့ အမျိုးသားများအဖြစ် နာမည်ကြီးကြပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့မေးရိုးတွေနဲ့ ယောက်ျားပီသတဲ့ အလှတရားကို ပိုင်ဆိုင်ထားပြီး ယဉ်ကျေးသိမ်မွေတဲ့ စကားပြောဟန်ပန် အမူအရာတွေက သူတို့ရဲ့ အားသာချက်တစ်ခုပါပဲ။

(၄) ၾသစေၾတးလ်

သြစတြေးလျနိုင်ငံမှာလည်း ချောမောခန့်ညားတဲ့ ကောင်လေးချောချောလေးတွေ အများအပြားရှိပါတယ်တဲ့။ သြစတြေးလျအမျိုးသားများက ခရစ်ကဒ်အားကစားနည်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားတတ်ကြပြီး အားကစားကိုစိတ်ဝင်စားကြတဲ့ အချက်က သူတို့ကို ပိုပြီး ဆွဲဆောင်မှုရှိသွားစေပါတယ်။

(၅) တောင်အာဖရိက

ကမ္ဘာ့ sexy အကျဆုံး၊ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားများ ရှိတဲ့နိုင်ငံကို ပြောပါဆိုရင် တောင်အာဖရိကနိုင်ငံပဲ ဖြစ်ပါတယ်။ တောင်အာဖရိကအမျိုးသားအများစုက ခန္ဓာကိုယ်အချိုးအစား တောင့်တင်းကြံ့ခိုင်မှုရှိကြပြီး မိမိကိုယ်ကိုယုံကြည်မှုအပြည့် ရှိကြသူတွေပါ။

(၆) ဂျာမနီ

ဂျာမနီနိုင်ငံမှာရှိတဲ့ အမျိုးသားများကလည်း ဆွဲဆောင်မှုရှိသူတွေဖြစ်ကြပါတယ်။ သူတို့ရဲ့ ကြည်လင်ဝင်းပတဲ့ အသားအရေနဲ့ ရွှေအိုရောင်ဆံပင်များက မိန်းကလေးတွေအတွက် သဘောကျစရာတွေပါပဲ။ ဒါ့အပြင် ဂျာမနီနိုင်ငံသားများက ဖက်ရှင်အမြင်ရှိကြသူတွေပါ။

(၇) ဂျပန်

ဂျပန်အမျိုးသားမျာက အသားအရေကြည်လင်ဝင်းပကြပြီး နက်မှောင်တဲ့ဆံကေသာနဲ့ နက်မှောင် တဲ့မျက်လုံးလှလှလေးတွေကို ပိုင်ဆိုင်ထားသူတွေပါ။ ကျန်းမာစေတဲ့အစားအသောက်များကို ရွေးချယ်စားသုံးတတ်ပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တတ်ခြင်းက ဂျပန်ကောင်လေးတွေရဲ့ အားသာချက်ပါပဲ။

(၈) အမေရိကန်

ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားတွေကို ကြည့်ရုံနဲ့ အမေရိကန်နိုင်ငံက အမျိုးသားများက ဆွဲဆောင်မှုရှိတာဟာ ငြင်းဆိုနိုင်ဖွယ်မရှိ သိမြင်နိုင်ပါတယ်။ သူတို့ရဲ့ ရှည်လျားတဲ့အရပ်အမောင်းနဲ့ အားကစားကို လိုက်စားတတ်တဲ့အမူအကျင့်က တကယ့်ကိုဆွဲဆောင်မှု ရှိလှပါတယ်။

(၉) ပြင်သစ်

ပြင်သစ်နိုင်ငံဟာလည်း ချောမောခန့်ညားတဲ့ အမျိုးသားများ ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ ပြင်သစ်အမျိုးသားများက ရိုမန်းတစ်ဆန်ကြပြီးတော့ ဖက်ရှင်အမြင်ရှိကြတာကတော့ သူတို့ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

(၁၀) ကျူးဘား

ကျူးဘားအမျိုးသားများက ကမ္ဘာပေါ်မှာ အကအတော်ဆုံးသူတွေလို့ ဆိုနိုင်ပါတယ်။ သူတို့ရဲ့ အကကျွမ်းကျင်မှု Talent အပြင် တောင့်တင်းကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအချိုးအစားက ဆွဲဆောင်မှု ရှိလှတာကို တွေ့ရမှာပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*