Latest post

ဝိုင်နီသောက်သုံးခြင်းရဲ့ကျန်းမာရေးကောင်းကျိုးများ

ဝိုင်နီက ကျန်းမာရေးအတွက် များစွာကောင်းကျိုးပြုတာကို တွေ့ရပါတယ်။ ဒါပေမယ့် အယ်လ်ကိုဟောပါဝင်မှုနည်းတဲ့ ဝိုင်ကိုရွေးချယ်တတ်ဖို့ လိုပါတယ်နော်။ အယ်လ်ကိုဟော ၁၂ရာခိုင်နှုန်းလောက်သာ ပါဝင်တဲ့ ဝိုင်နီက အကောင်းဆုံးရွေးချယ်မှုပါပဲ။ antioxidants ကြွယ်ဝစွာပါဝင်တဲ့ ဝိုင်နီက ကျန်းမာရေးပြဿနာများကို အလျင်မြန်ဆုံးဖြေရှင်းပေးနိုင်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်လို့ ဆိုနိုင်ပါတယ်။

(၁) သွေးတွင်းသကြားဓာတ်များကို ထိန်းညှိပေးပါတယ်

သွေးတွင်းသကြားဓာတ်လွန်ကဲခြင်းကို ထိန်းညှိပေးဖို့အတွက် ဝိုင်နီက သဘာဝ ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ ဆီးချိုတက်ခြင်း၊ ကျခြင်းက အသက်အန္တရာယ်ကိုများစွာ ထိခိုက်စေနိုင်တာကြောင့် ဆီးချိုသမားများ ဝိုင်နီကို ဆောင်ထားဖို့ မမေ့ပါနဲ့။

(၂) အဆီဓာတ်များကိုလောင်ကျွမ်းစေပါတယ်

ဝိတ်ချနေသူများနဲ့ အားကစားသမားများအနေနဲ့ အဆီဓာတ်ပါဝင်တဲ့ အသားများကို စားသုံးတဲ့အခါမှာ ခန္ဓာကိုယ်တွင်းအဆီဓာတ်များ လောင်ကျွမ်းသွားစေဖို့ ဝိုင်နီကိုသောက်သုံးပေးဖို့ လိုပါတယ်။ အဆီများတဲ့အသားမျာကို စားတဲ့အခါတိုင်း ဝိုင်နီတစ်ခွက်သောက်သုံးပေးမယ်ဆိုရင် အဆီတက်မှာကို စိတ်ပူစရာမလိုတော့ပါဘူး။

(၃) သွေးတိုးကျစေတယ်

သွေးတိုးရောဂါရှိတဲ့သူတွေအနေနဲ့ နေ့စဉ်နေ့တိုင်း ဝိုင်နီတစ်ခွက်စီသောက်သုံးပေးမယ်ဆိုရင် သွေးတိုးကျစေတယ်လို့ ဆိုပါတယ်။ ဝိုင်နီမှာပါဝင်တဲ့ ဓာတ်များက သွေးတွင်းအဆိပ်အတောက်များကို ဖယ်ရှားပေးပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။ သွေးဖိအားနည်းတဲ့သူတွေအနေနဲ့လည်း အယ်လ်ကိုဟောလုံးဝမပါဝင်တဲ့ ဝိုင်နီကို ဆေးအဖြစ်မှီဝဲပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းမွန်စေနိုင်ပါတယ်။

(၄) ကင်ဆာရောဂါကာကွယ်နိုင်ပါတယ်

ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် ကင်ဆာဆဲလ်များကို သေစေနိုင်ပြီး ကင်ဆာဆဲလ်ပျံ့ပွားမှုကို ထိန်းချုပ်ပေးနိုင်တာကို တွေ့ရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ဖို့အတွက် တစ်နေ့လျှင် ဝိုင်နီတစ်ခွက်သောက်သုံးပေးဖို့ ဆရာဝန်များက အကြံပြုထားပါတယ်။

(၅) ခံတွင်းရောဂါကာကွယ်ပေးပါတယ်

သွား၊ ခံတွင်းရောဂါကို ကာကွယ်ချင်တယ်ဆိုရင်တော့ ဝိုင်နီကို တစ်နေ့တစ်ခွက်သောက်သုံးလိုက်ပါ။ ဘတ်တီးရီးယားပိုးမွှားများကို သေစေနိုင်ပြီး သွားဖုံးရောဂါနှင့် ခံတွင်းရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ဝိုင်နီကို တစ်နေ့လျှင်တစ်ခွက် ပုံမှန်သောက်သုံးခြင်းဖြင့် သွား၊ ခံတွင်းရောဂါကို ကာကွယ်လိုက်ပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*